12

10.6K 1.2K 58
                                    

#Unicode

"ငါတောင်းပန်တယ်... ဟုတ်ပြီလား "

"ငါကဆေးတောင်ထိုးထားရတာလေ.. ပါးစပ်ကတောင်းပန်ရုံလေးနဲ့ကျေနပ်ပေးရမှာလား"

"ငါဘာလုပ်ပေးရမှာလဲ"

"ကစားကွင်းလိုက်ပို့ပေးပြီးငါစားချင်တာဝယ်ကျွေးရင်ခွင့်လွှတ်မယ်လေ"

"Daegu မျောက်... မင်းဟာကတရားမလွန်ဘူးလား? ကစားကွင်းလဲလိုက်ပို့ရမယ် မုန့်ကလဲဝယ်ကျွေးရအုံးမယ်"

"ဘာလဲမင်းကအဲ့တာလေးတောင်လုပ်မပေးချင်ဘူးလား? ရပါတယ်လေ... Yoongi Hyung နဲ့ပဲစကားဆက်ပြောပေါ့"

အကျင့်မကောင်းတဲ့ Daegu မျောက်...! တစ်စိတ်ရှိရင်သူ့အကိုနဲ့ပဲ ခြိမ်းခြောက်နေတယ်။
ကြောက်လို့တော့မဟုတ်ပေမယ့်လဲ နားပူမခံနိုင်ဘူးလေ..

"ကောင်းပြီ ငါသဘောတူတယ်"

"အဲ့လိုလိမ္မာစမ်းပါ Busan အုန်းသီးရယ်..."

သူဖြစ်ချင်တာဖြစ်ရမယ်ဆိုတော့ကျေနပ်သွားတဲ့ရုပ်ကတကယ်ပဲ  အမြင်ကတ်စရာ..

♥♥

"ယာ့ Daegu မျောက်..မင်းအခုထိမမောသေးဘူးလား? ငါမင်းနဲ့အတူလိုက်ဆော့မပေးနိုင်တော့ဘူးနော်"

"အားလုံးနီးပါးကစားပြီးပြီဆိုတော့ငါလဲဗိုက်ဆာနေပြီ"

"ဒါဆိုပြန်ကြမယ်"

"ခဏ.."

ရှေ့ကသွားနေတဲ့ Jungkook ရဲ့လက်ကို Taehyung လှမ်းဆွဲလိုက်သည်။

"ဘာဖြစ်ပြန်တာလဲ?"

"အမှတ်တရ ဓာတ်ပုံဝင်ရိုက်ရအောင်"

"မရိုက်ချင်ပါဘူး"

"ငါကနစ်နာထားတဲ့သူပါနော်... နည်းနည်းလေးမှငါ့ကိုအလိုလိုက်ပေးလို့မရဘူးလား"

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် နှုတ်ခမ်းလေးစူကာပြောနေတဲ့ Taehyung ရဲ့ပုံက သူ့ကိုငြင်းဆန်ခွင့်တောင်မဲ့သွားစေသည်။
ကိုယ်တိုင်တောင်မသိလိုက်ပဲခေါင်းကငြိမ့်လိုက်မိသည်ထင်ပါရဲ့...
သတိကပ်လာတော့ ဓာတ်ပုံရိုက်ရမယ့်နေရာကိုတောင်ရောက်နေပြီ....

"ရော့.. ဒါလေးကုပ်ထား .."

Taehyung ကယုန်ဘီးကုပ်လေးပေးသည်။
သူကတော့ကျားရုပ်ဘီးကုပ်လေးကို ခေါင်းပေါ်တင်ထားသည်။

Daegu Vs Busan(Rewriting)Where stories live. Discover now