8

10.6K 1.2K 68
                                    

#Unicode

Busan မှာလဲ လည်ပတ်စရာတွေပေါနေပေမယ့် ကျောင်းကပြန်ဖွင့်တော့မှာမို့ လည်ဖို့အချိန်မလောက်တော့ပေ...
ဆိပ်ကမ်းတံတားရဲ့ညအလှကိုကြည့်ပြီး၍ လေညင်းခံခြင်းဖြင့်သာ ကျေနပ်လိုက်ကြသည်။

Jimin ရဲ့မိဘတွေနဲ့လက်ထပ်ပွဲကိစ္စကိုတိုင်ပင်တော့ Jungkook နဲ့ Taehyung ရန်ဖြစ်ကြသေးသည်။
လက်ထပ်ပွဲကို Daegu မှာလုပ်မယ် Busan မှာလုပ်မယ်ဖြင့် ငြင်းခုံနေ တာကြောင့်ပင်။

Jimin ရဲ့ omma က

"Seoul က ဘုရားကျောင်းမှာလက်ထပ်တာပိုအဆင်ပြေမယ်လို့ omma ထင်တယ်... အဲ့တာကြောင့် ရန်မဖြစ်ကြပါနဲ့တော့ကွယ်"

ထိုသို့ ဖျောင်းဖျလိုက်မှငြိမ်သက်သွားကြသည်။

....

Seoul ကိုပြန်ရောက်တော့စီစဥ်ထားတဲ့အတိုင်းပင် နှစ်ဖက်မိဘများနှင့် ဖာသာရဲ့ရှေ့တွင် Jimin နှင့် Yoongi လက်ထပ်လိုက်ကြသည်။
ကျောင်းပြီးမှ လက်ထပ်ဖို့ပြောပေမယ့် နှစ်ယောက်လုံးကလောနေတာမို့ လက်ထပ်ပွဲကို လုပ်ပေးလိုက်ရသည်။

တခမ်းတနားကြီးမဟုတ်ပေမယ့် သူတို့ပျော်ပါသည်။
ဘာပဲဖြစ်ဖြစ်ချစ်ရသူနဲ့လက်တွဲရရင်ပြီးပြီပဲလေ...

Taehyung ရဲ့ omma က

"Taeလေးအခန်းပြောင်းပေးလိုက်နော်"

"ဘာလို့လဲ"

"ဟို... Yoongi နဲ့ Jimin လေးက လက်ထပ်ပြီးပြီဆိုတော့ အတူတူနေချင်မှာပေါ့။သားက Jungkook အခန်းကိုပြောင်းပေးလိုက်နော်"

"မပြောင်းချင်ပါဘူး"

အဲ့ဒီ Busan အုန်းသီးနဲ့တစ်ခန်းထဲအတူမနေနိုင်ပါဘူး။
Yoongi Hyung နဲ့ Jimin Hyung ကပါအတင်းတောင်းဆိုနေတော့လဲ Taehyung ဆက်ပြီး မပြောတော့ပဲလက်ခံပေးလိုက်ရတော့သည်။

အဝတ်အစားတွေပါရွှေ့၍ Jimin နှင့်နေရာလဲပေးလိုက်ရသည့် Taehyung ....

ထင်သလောက်အခြေအနေမဆိုးပဲ Jungkook နဲ့ Taehyung အဆင်ပြေနေသေးသည်။
သူတို့နှစ်ယောက်ကဘာနဲ့တူလဲဆိုတော့ ဘယ်အချိန်ထပြီးပေါက်ကွဲမယ်ဆိုတာမသိတဲ့ ချိန်ကိုက်ဗုံး တစ်လုံးလိုပင် ။

TV အတူတူထိုင်၍ကြည့်ဖြစ်နေကြသည်။

"Daegu မျောက်.."

Daegu Vs Busan(Rewriting)Where stories live. Discover now