10

10.6K 1.2K 132
                                    

#Unicode

"ဒေါ်လေးတို့အရမ်းလန့်သွားတာ Jimin..."

"အန်တီလေးတို့လဲဘာထူးလဲ... Jungkook တို့ကိုလက်ထပ်ပေးဖို့ပြောတော့အရမ်းကို အံ့သြသွားကြတာ"

"ကိုယ်တို့လက်ထပ်ထားတာတောင်မကြာသေးဘူး... သူတို့ပါလက်ထပ်မယ်ဆိုတော့ လန့်ရင်လဲလန့်သွားချင်စရာပဲလေ"

"Taehyung ကရောလက်ခံရဲ့လား"

"သူလက်မခံလို့မှမရတော့တာ... သူကနစ်နာသူမဟုတ်လား"

"ကျွန်တော် နည်းနည်းတော့စိတ်ပူမိတယ် Yoongi .... သူတို့နှစ်ယောက် ဘယ်လိုရှေ့ဆက်သွားကြမှာလဲ? တစ်ယောက်ကိုတစ်ယောက်ချစ်နေကြတာမျိုးလဲမဟုတ်ဘူး"

"မချစ်ဘူးလို့ ဘယ်သူပြောလဲ... Jimin သေချာကြည့်ရင်သိလိမ့်မယ်.. ။ သူတို့နှစ်ယောက်က ရန်သာ တကျက်ကျက်ဖြစ်နေကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီးမုန်းနေကြတာမျိုးလဲမဟုတ်ကြပါဘူး"

"Yoongi ပြောတာလဲဟုတ်ပါတယ်လေ... သူတို့တချိန်ချိန်ကြရင် တစ်ယောက်နဲ့တစ်ယောက် အရမ်းကိုချစ်လာကြမှာပါ"

"ဒါပေါ့ Jimin ရဲ့..."

♥♥

"Daegu မျောက်... မင်းကအဲ့တာဘာဖြစ်နေတာလဲ"

"ဘာဖြစ်နေလို့လဲ"

"မင်းရဲ့မျက်နှာက ဘာလို့ သေတော့မယ့်မျက်နှာဖြစ်နေတာလဲ"

"မင်းကိုလက်ထပ်ရမှာကိုငါကပျော်နေရမှာလား"

"အော... ငါကရော မင်းကိုယူရမှာအရမ်းပျော်နေတယ်ထင်လား? "

"အဲ့တာ မင်းယုတ်မာလို့လေ အုန်းသီးပုပ်ရဲ့"

"မင်းသာ Club ကိုလိုက်မလာခဲ့ရင်ဘာမှဖြစ်မလာဘူး... ငါလဲမူးနေခဲ့တာ.. မင်းကိုလုပ်မိလားဆိုတာလဲသေချာမမှတ်မိဘူး"

"မင်းမမှတ်မိသလို ငါလဲမမှတ်မိဘူး ။ ဒါပေမဲ့ ငါအောက်ပိုင်းသေမလိုဖြစ်နေတာက သက်သေပဲလေ ... "

"မင်းကစပြီး မြှူဆွယ်တာလားမှမသိတာ။ ငါကတော့မင်းလိုကောင်ကိုစပြီးမလုပ်လောက်ဘူး"

"အုန်းသီးပုပ်! မင်းအဲ့လိုမပြောနဲ့နော်..ငါကဘာလို့မင်းကိုမြှူဆွယ်ရမှာလဲ....အော်ဂလီဆန်လွန်းလို့..ဘယ်လောက်ပဲမူးနေတယ်ပြောပြော မင်းဟိုဟာတောင်လုပ်နိုင်သေးတာ...ဘာမှမမှတ်မိတာကဖြစ်နိုင်လို့လား"

Daegu Vs Busan(Rewriting)Where stories live. Discover now