11

10.6K 1.2K 162
                                    

#Unicode

လက်ထပ်ပွဲပြီးပြီးချင်း နှစ်ဖက်မိဘတွေကချက်ချင်းပြန်ကြသည်။
Seoul မှာနေရတာအသားမကျတာကြောင့်လဲပါသည်။

"Busan အုန်းသီး! မင်းအဲ့ဒီရေချိုးခန်းထဲမှာ သေနေတာလား? ထွက်လာဖို့စိတ်ကူးမရှိဘူးလား"

"ဘာလဲ မင်းက မင်္ဂလာဦးညမို့ကိုယ့်ကိုအရမ်းလိုအပ်နေတာလား"

"လဲသေလိုက်လေ... ငါရေချိုးချင်နေပြီကွ... မင်းသက်သက်မဲ့ညစ်ပတ်မနေနဲ့... အခုထွက်လာခဲ့!"

ရေချိုးခန်းတံခါးဖွင့်သံကြောင့် Taehyung ခေါင်းထောင်ကြည့်လိုက်သည်။
အပေါ်ပိုင်းတွင် ရေများစိုရွှဲနေပြီးအောက်ပိုင်းတဘက်တစ်ထည်သာပတ်ထားတဲ့ Jungkook ကိုတွေ့လိုက်ရတာမို့ လူက အနည်းငယ်ပင်ရှက်မိသွားသည်။
သူကြည့်နေတာကိုရိပ်မိ၍ထင်သည်။
Six pack တွေကို လက်ဖြင့်ပွတ်ပြနေတဲ့ Jungkook ....

မျက်စောင်းထိုးပြလိုက်တော့ သကောင့်သားက ပြီတီတီလုပ်နေသည်။

"အရှက်ကိုမရှိဘူး... ဖယ်စမ်း!"

Jungkook ကိုတွန်းထုတ်၍ ရေချိုးခန်းထဲဝင်သွားတဲ့ Taehyung ....

Jungkook ကတော့ရယ်၍သာကျန်ခဲ့သည်။

...

Taehyung  ရေချိုးခန်းကပြန်ထွက်လာတော့ Jungkook ကိုလှမ်းကြည့်လိုက်သည်။

WTF... ငှက်ပျောသီးကို Sexy ကျကျစားပြနေတဲ့ Jungkook ကြောင့် Taehyung မှာ ပျို့ပင်ပျို့တက်လာခဲ့သည်။

"ဘယ်လိုလဲကြွေသွားလား?"

မျက်ခုံးတစ်ဖက်ကိုပင့်ပြီး အရှက်မရှိမေးနေသေးတဲ့ Busan အုန်းသီးကောင်ကို စိတ်ရှိတိုင်းသာထုရိုက်ပစ်ချင်စိတ်က တဖွားဖွား...

"ရွံစရာတွေ..."

ဆက်မကြည့်တော့ပဲ ဗီရိုကိုဆွဲဖွင့်၍ ညဝတ်အင်္ကျီရွေးနေလိုက်သည်။

အဝတ်အစားလဲရန် Jungkook ကိုတစ်ချက်လှမ်းကြည့်လိုက်မိသည်။
ဒီကောင်ကစိတ်ချရတာမျိုးမဟုတ်ဘူး ။

WTH!!!
နွားနို့တွေမော့သောက်၍ နှုတ်ခမ်းမှာပေနေတဲ့ နွားနို့များကို လျှာဖြင့်သပ်နေတဲ့ Jungkook ..
Taehyung ကိုလဲ ရွှန်းရွှန်းစားစား ကြည့်နေသေးသည်။

Daegu Vs Busan(Rewriting)Where stories live. Discover now