13

10.3K 1.2K 34
                                    

#Unicode

"Taehyung ... Miya နဲ့အတူနေ့လည်စာစားကြမလား"

"အင်းစားကြတာပေါ့"

အတန်းပြီးတော့ Miya နဲ့အတူနေ့လည်စာစားဖြစ်ကြသည်။
Miya က ဟင်းတွေအများကြီးထည့်ပေးနေတာမို့ Taehyung တားယူရတဲ့အထိပင်။

"Miya ရပါပြီ.. အများကြီးပဲဖြစ်နေပြီ"

"Taehyung ကိုစားစေချင်လို့ပါ"

"ကျေးဇူးပါနော်"

"Miya တို့ကသူငယ်ချင်းတွေပဲဟာကို"

Taehyung ပြုံးလိုက်သည်။

"Jungkook ... ထမင်းကိုဖြောင့်ဖြောင့်စားပါကွာ.. ဘာလို့အရှေ့ကိုပဲလိုက်ကြည့်နေတာလဲ"

"မင်းမတွေ့ဘူးလား Miwoo...Daegu မျောက်ကဟိုမှာသာယာနေတာလေ"

Miwooက Taehyung တို့ဝိုင်းကိုကျောပေးပြီးထိုင်နေတာမို့မမြင်ရ။
အနောက်ကိုလှည့်ကြည့်လိုက်တော့ ကျောင်းရဲ့ Queen Miya နဲ့ Taehyung ကထမင်းအတူထိုင်စားနေကြတာဖြစ်သည်။
ရယ်မောပျော်ရွှင်စွာစားသောက်နေကြပြီးသူတို့ကိုတောင်သတိထားမိပုံမရ။

"Jeon Jungkook တို့ J ဝင်နေပါပြီ... မင်း Taehyung ကိုချစ်နေတာဝန်ခံလိုက်စမ်းပါ"

"မချစ်ပါဘူး"

"မချစ်တဲ့သူကလဲအရမ်းတွေသဝန်တိုနေတယ်နော်"

"သဝန်တိုတယ်? ဘယ်သူကတိုနေလို့လဲ"

"မင်းရဲ့ဖြစ်ပျက်နေတဲ့ပုံကသိပ်ပြီးမသိသာဘူးဆိုတော့လေ .."

"ငါက သူဖောက်ပြန်နေတာမျိုးကိုမလိုလားတာ"

"Haha .. ဟုတ်မှလဲပြောပါကွာ။ မင်းရဲ့အမူအရာတွေကလိမ်လို့မရအောင်ပေါ်နေတယ်သိလား"

"တိုးတိုးနေစမ်းပါ"

တစ်စုံတစ်ယောက်ကသူမအားစူစိုက်ကြည့်နေသလိုလိုခံစားရ၍ Miya အနောက်ကိုလှည့်ကြည့်လိုက်သည်။

ခက်ရင်းဖြင့်အသားတွေကိုထိုးစိုက်ကာသူမအား သတ်မည့်ဖြတ်မည့်နှယ်ကြည့်နေတဲ့သူကြောင့် Miya လန့်ပင်လန့်မိသည်။

Miya ကြည့်နေတဲ့ဘက်ကို Taehyung ကြည့်၍ သက်ပြင်းချကာ

"သူက ကျွန်တော့်အမျိုးသားပါ"

Daegu Vs Busan(Rewriting)Where stories live. Discover now