Extra 3

4.3K 442 29
                                    

"မရဘူးကွာ မသွားနဲ့ဆိုမသွားရဘူး ဒါပဲ .."

"မင်းတားနေလဲ ငါက မရမကသွားမှာပဲ .. အဲ့ဒီ Fan Sign က ငါ့အတွက် ဘယ်လောက် အရေးပါလဲဆိုတာ မင်းမသိပါဘူး"

"မသိဘူးကွာ .. မင်းလုံးဝမသွားရဘူးနော် Tae.. အဲ့တာ ကိုယ့်ရဲ့ တစ်ချက်လွှတ်အမိန့်ပဲ!"

"ငါက သေချာပေါက်သွားမှာ!"

ပြဿနာတတ်နေရသည့် အကြောင်းအရင်းမှာ Taehyung က Jin ရဲ့ Fan Sign ကို သွားချင်နေတာကြောင့်ပင် ။
Jungkook က အဲ့တာကို လုံးဝ ခွင့်ပြုမပေး...

"Tae .. ဘာလို့ ကိုယ့်စကားကို နားမထောင်ချင်ရတာလဲ ။ အဲ့ဒီမင်းရဲ့ idol က ငါ့ထက် ပိုပြီး အရေးပါနေလို့လား "

"မင်းနားမလည်ပါဘူး Jeon Jungkook ! Fan တစ်ယောက်အတွက် သူတို့ idol က သူတို့ဘဝမှာ ဘယ်လောက်အထိ အရေးပါလဲဆိုတာ မင်းတကယ်နားမလည်နိုင်ဘူး!"

Taehyungဒေါသထွက်တယ်ဆိုတာထက် တကယ်တမ်း စိတ်မကောင်းဖြစ်နေမိတာဖြစ်သည် ။
သူက Fan boy တစ်ယောက်မို့ သူ့ idol က ဘာနဲ့မှ အစားထိုးလို့မရအောင် အဖိုးတန်လွန်းတာ ... ဒါကို Jungkook က နားလည်မပေးနိုင်ဘူး ။

"ကိုယ်မင်းကို သဝန်တိုတယ် Taehyung ရဲ့ .. မင်းရဲ့ idol ကို မင်းကြည့်တဲ့အကြည့်တွေ ၊ သူ့ကြောင့် မင်းပြုံးရယ်နေတာတွေ ၊ သူ့ကိုတွေ့ရင် အရာအားလုံးကိုမင်း မေ့သွားတတ်တာတွေ .. အဲ့တာတွေ အားလုံးကို ကိုယ်တကယ် သဝန်တိုတယ် ။ မင်းကကိုယ်လက်ထပ်ယူထားတဲ့ ကိုယ့်ယောက်ျားပါ .. ဒီလောက်လေးတောင် ကိုယ့်မှာ တားခွင့်မရှိဘူးလား "

Taehyung သက်ပြင်းချလိုက်ပြီး Jungkook ၏ လက်ကလေးကို ဆုပ်ကိုင်ကာ

"ငါလေ မင်းနဲ့ မတွေ့ခင်ကတည်းက Jin Hyung ကို တွေ့ခဲ့တာ .. ငါရှင်သန်နေရတဲ့ အကြောင်းပြချက်လေးက Jin Hyung ဖြစ်နေတာ ။ သူ့ကြောင့် ၊ သူ့သီချင်းတွေကြောင့်သာမဟုတ်ရင် တစ်ချို့အချိန်တွေမှာ ငါဘယ်လို ရှင်သန်ရမလဲ တကယ်သိမှာမဟုတ်ဘူး ။ Jin Hyung ကငါ့ကို စိတ်ဓာတ် ခွန်အားတွေ ပေးခဲ့တာ .. သူ့ကြောင့် ငါ့ကိုယ်ငါချစ်တတ်လာတယ် .. ငါပျော်ရွှင်ခဲ့ရတယ်..ငါ့ဖြစ်တည်မှုကိုငါ လက်ခံနိုင်ခဲ့တယ်"

Jungkook ကလဲ ငြိမ်၍ သေချာနားထောင်နေတာမို့ Taehyung ဆက်ပြောသည် ။

"ငါ့ကို မင်းပိုင်ပါတယ် Jeon Jungkook .. ငါကလဲ မင်းအတွက်ပါပဲ ။ အဲ့တာကြောင့် Screen ပေါ်ကနေသာ ငါချစ်ပြီးအားပေးလို့ရတဲ့ ငါ့ idol နဲ့တော့ လာပြီး သဝန်မတိုပါနဲ့ ။မင်းနဲ့ Jin Hyung က ငါ့အတွက် ဖြစ်တည်မှုခြင်း လုံးဝမတူဘူး ။ အဲ့တာကြောင့် နှိုင်းယှဉ်လို့လဲမရဘူး ။
မင်းက ငါအချစ်ရဆုံးလူဖြစ်ပြီး Jin Hyung ကတော့ ငါအဆုံးထိ ချစ်သွားမယ့်လူပါ "

Daegu Vs Busan(Rewriting)Where stories live. Discover now