မ🙆

938 56 1
                                    

Unicode

"မ"

ဘယ်အချိန်ခေါ်ခေါ် ရင်ခုန်နေရတဲ့ နာမ်စားလေးတစ်ခု။
'မ​'ကလေ နွယ့်ထက် ၃နှစ်တိတိကြီးတယ်ရယ်။ 'မ'ကလေ နွယ့်ထက်သာကြီးတာ နွယ့်ထက်ကလေးဆန်တုန်း။ ဒါကြောင့်လည်းနွယ်က 'မ'ကိုအရမ်းချစ်မိသွားတာလေ။

'မ'ရဲ့နာမည်က ပိုးသားဖြူ တဲ့။ နာမည်နဲ့လိုက်အောင်ကို 'မ'ကဖြူဖြူသွယ်သွယ်လေး။ 'မ'ကနွယ့်ထက်တော့ အရပ်ကလေးနည်းနည်းပုတယ်။ ပုပေမဲ့ချစ်စရာလေးနော် နွယ့်ရဲ့'မ'က။

နွယ်ကလှမ်းခေါ်လိုက်တော့ 'မ'က ဟင်းချက်နေရာကနေလှည့်ကြည့်တယ်။ မနက်ခင်းနိူးနိူးချင်းမှာ ချစ်ရသူရဲ့မျက်နှာက်ိုမြင်ရတာလည်း ဆုလာဘ်တစ်ခုပဲလေ။

'မ'ကကေျာလယ်လောက်ရှိတဲ့ဆံပင်လေးကို ထုံးဖွဲ့ထားပြီး ယဥ်ယဥ်လေးနဲ့လှနေလိုက်တာ ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ပန်းချီကားတစ်ချပ်သဖွယ်။

"နွယ် မျက်နှာမသစ်ပဲ ဆင်းလာပြန်ပြီလား"

'မ'ကမျက်စောင်းလေးနှင့်ဆူသည်။ မနက်ခင်းတိုင်းမှာ 'မ'ကိုအရင်မြင်ချင်တာမလို့ နိူးနိူးချင်းမျက်စိမဖွင့်ပဲမျက်စိမှိတ်ရင်းဖြင့်သာ အောက်ကိုပြေးဆင်းလာပြီး 'မ'ကိုအရင်လာကြည့်တက်တာ နွယ့်ရဲ့အကဲပိုမှုလေးတစ်ခု။

"'မ'ကလည်း နွယ်က'မ'က်ို အရင်မြင်ချင်လို့ကို..."

"ပြောလိုက်ရင် မျက်နှာငယ်လေးနဲ့ မျက်နှာသွားသစ်တော့ ပြီးရင် သင်တန်းသွားရမယ်မလား နောက်ကျမယ်"

"Morning Kiss ပေးအုံးလေ"

"ညစ်ပတ်မလေးကို မပေးပါဘူး 'မ'က သနပ်ခါးလိမ်းထားပြီးပြီ"

"ဒါဆို ငိုမှာနော်"

ကြမ်းပြင်ပေါ်ထိုင်ချရင်း ဆူပုတ်နေသည့် နွယ်ဟာလေ တကယ့်ကိုကလေးပေါက်စတွေလို လိုချင်မရလို့ ဂျီကျနေသည့်ပုံပါပင်။

"နွယ် ဆိုးနေပြန်ပြီလား အလိုလိုက်မှန်းသိတော့ သိပ်ကိုဗိုလ်ကျတာပဲ"

မျက်နှာမသစ်ရသေးတဲ့ နွယ့်ရဲ့ပါးပြင်းပေါ် နွေးထွေးလွန်းတဲ့ အထိအတွေ့လေးရမှ နွယ်ဟာ ပြုံးပျော်သွားပြီး မော့ကြည့်လိုက်သည်။

GL Short  Fiction Collections🏳️‍🌈Where stories live. Discover now