နှောင်ကြိုး🍁

696 36 0
                                    

Unicode

လက်ထဲကဖိတ်စာလေးကိုကြည့်ပြီး မျက်ရည်ကထိန်းမရပေ။ ရက်စက်လွန်းပါတယ် နှင်းရယ်....။
ချစ်ပါတယ်လို့ဖွင့်ဟဝန်ခံမိတာကို ချက်ချင်းကြီး လက်ထပ်ပွဲထလုပ်သတဲ့လား....

နှင်းစက် ဆိုတဲ့ကောင်မလေးက ကျွန်မ မရီးဖြစ်လာမဲ့သူပေါ့...။
အစ်ကိုကတော့သိပ်ကံကောင်းတာပဲ နှင်းစက်လိုချစ်စရာကောင်းပြီး ဘွဲ့ရပညာတက်ကိုရထားလို့လေ။

ကျွန်မကတော့ အခန်းရဲ့ထောင်မှာငိုနေရုံကလွဲလို့ဘာမှမလုပ်နိုင်ပါဘူး။
အဲ့နေ့...အတိအကျပြောရရင် 26.8.2020ကပေါ့...အစ်ကိုကသူ့ကောင်မလေးနဲ့မိတ်ဆက်ပေးမယ်ဆိုပြီး နှင်းစက်ကိုအိမ်ခေါ်လာတယ်။

နှင်​း​ေကလေ ဂါဝန်အဖြူရောင်လေးဝတ်လာတာ ကလေးလေးလိုပဲချစ်စရာသိပ်ကောင်းတာ။ မသိလိုက်ဘာသာပဲ အစ်ကိုကြီးကိုတောင်မနာလိုလာမိတယ်။ ဘာလို့များ နှင်းနဲ့စောစောမတွေ့ခဲ့ရတာလဲ..!

"မေမေ ဒါကနှင်းစက်တဲ့ ညီမလေး နန်းရွှေ နဲ့အသက်အတူတူပဲ"

"သမီးကအချောလေးပဲ"

"Daddyတို့ဘက်ကတော့ ဘာမှကန့်ကွက်စရာမရှိပေမဲ့ သမီးမိဘတွေဘက်ကရော်"

"နှင်း မိဘတွေက ကိုကိုနဲ့သဘောတူပါတယ်တဲ့။"

"ဒါဆိုရင် Daddyတို့စေ့စပ်ရက်ကိုသတ်မှတ်ကြတာပေါ့"

"ဟုတ်ကဲ့ ဦးလေး"

"ဒယ်ဒီလို့ပဲခေါ်ပါ။ သိပ်မကြာခင်အမျိုးတွေဖြစ်တော့မှာပဲကို"

နှင်းရဲ့ပါးလေးကရဲသွားပြီး ရှက်နေလိုက်တာ ချစ်ဖို့တောင်ကောင်းတယ်။ သူပြုံးပျော်နေတာ ကိုယ့်အတွက်မဟုတ်မှန်းသိရတော့လည်းနာကျင်မိသား။

နှင်းရေ...မင်းဟာလေ နှောင်ကြိုးလေးတစ်ချောင်းပါပဲ...
ကိုယ်ရုန်းလို့မရတဲ့ကြိုးပေါ့...

အစ်ကိုနဲ့အပြင်သွားဖို့ နှင်းကဒန်းလေးပေါ်ထိုင်စောင့်နေသည်။ သူမ က နားကြပ်နဲ့သီချင်းနားထောင်နေပြီးပြုံးနေသည်။ ပုလဲလိုဖွေးတဲ့ သွားလေးတွေဟာပေါ်လာပြီး မြတ်နိုးဖွယ်ရာအတိ။

နန်းလည်း နှင်းရဲ့ဘေးသွားထိုင်လိုက်သည်။

"နှင်း အစ်ကို့ကိုစောင့်နေတာလား"

GL Short  Fiction Collections🏳️‍🌈Where stories live. Discover now