အန်တီဆရာမ ✨

764 54 1
                                    

Unicode

"အရှေ့က ဆရာမ ခဏရပ်ပါအုံး"

ခေါ်သံတစ်ခုကြောင့် နောက်လှည့်ကြည့်မိတော့ ဆယ်ကျော်သက်ကျောင်းသူတစ်ယောက်၏လက်ကို ကိုင်ထားပြီး သူ့ကိုလှမ်းခေါ်လိုက်သည့်အမျိုးသမီးတစ်ဦးကိုတွေ့ရသည်။

"တကယ်ကို ညွန့်မေ ပဲ ငါလူမှားတယ်ထင်နေတာ ငါလေ သူဇာပါ မမှတ်မိဘူးလား အထက်တန်းတုန်းက ကျောင်းအတူတူတက်ခဲ့တယ်လေ"

"အင်း မှတ်မိပါတယ်"

"ဒါငါ့သမီးလေ Krystalတဲ့"

"မြန်မာလိုကရော်"

"ထက်အိန္ဒြာမိုးမြင့်"

"တွေ့ရတာဝမ်းသားပါတယ်ကွယ် အန်တီ့နာမည်ကတော့ ညွန့်မေပါ"

"ဟုတ်"

"နင်အားရင် ကော်ဖီဆိုင်ထိုင်ရအောင် မတွေ့တာလည်းကြာနေပြီဆိုတော့လေ"

"အင်း ရပါတယ်"

ကျောင်းနဲ့မျက်စောင်းထိုးက Made with Love cafe ဆိုင်ကိုပဲ ဝင်လိုက်ကြသည်။

"နင်ရော် အိမ်ထောင်ကျပြီလား"

"အပျိုကြီးပါပဲ"

"အယ် ဒါဆိုငါတစ်ခုလောက်အကူညီတောင်းလို့ရမလား? တွေ့တွေ့ချင်းမှာပဲ အကူညီတောင်းမိလို့ အားနာပါတယ် တက်နိုင်ရင်တော့ကူညီပေးပါ"

"ပြောကြည့်လေ ငါတက်နိုင်ရင်ကူညီပါ့မယ်"

"ငါ့သမီးလေးကို နင့်ဆီအပ်ထားလို့ရမလား နိုင်ငံခြားမှာ ငါ့ယောကျာ်းကုမ္ပဏီပြသာနာတက်လို့ ငါလိုက်သွားရမယ်။ သမီးကလည်း နှစ်ဝက်စာမေးပွဲနီးပြီဆိုတော့ ခေါ်မသွားချင်ဘူး ဆွေမျိုးတွေကျတော့လည်း ရန်ကုန်မှာမရှိဘူးဆိုတော့ သမီးတစ်ယောက်တည်းဖြစ်နေမှာစိုးလို့ သူကတော့ တစ်ယောက်တည်းဖြစ်တယ်လို့ပြောပေမဲ့ သမီးမိန်းကလေးဆိုတော့ ငါစိတ်မချဘူး ခေတ်ကလည်းကောင်းတာမှမဟုတ်တာ"

"ကိစ္စမရှိပါဘူး ငါကလည်းတစ်ယောက်တည်းနေတာဆိုတော့ အဖော်ရတာပေါ့။ နင်လုပ်စရာရှိတာကိုသာ စိတ်ဖြောင့်ဖြောင့်နဲ့လုပ်"

"ကျေးဇူးပါဟယ်"

လေယာဥ်လက်မှတ်က ညအတွက်ဖြတ်ထားတာမလို့ Krystalလေးကို မနက်ကတည်းက ပို့ထားလိုက်သည်။

GL Short  Fiction Collections🏳️‍🌈Where stories live. Discover now