မမ👉👈

583 37 0
                                    

Unicode

"မောင် သူ့ကိုမကွာရှင်းသေးဘူးလား"

ငါဒီလိုပြောတော့ မောင်ကရယ်တယ်။ သူ့မျက်လုံးတွေထဲက စိတ်ပျက်သွားမှုကို ငါဖမ်းမိလိုက်တယ်။

"ကွာရှင်းတာ မကွာရှင်းတာက အဲ့သလောက်အရေးပါသလား နွယ်"

"မောင်မှားနေပြီ မောင့်အတွက်အရေးမပါပေမဲ့ နွာ့်အတွက်တော့အရေးပါတယ်လေ အစကတည်းက မောင်ဟာ အိမ်ထောင်သည်ဆိုတာသိရင် နွယ်လက်ခံခဲ့မှာမဟူတ်ဘူး မောင်ကလိမ်ညာလှည့်ဖြားပြီး နွယ့်ကိုရုန်းထွက်မရအောင်လုပ်ခဲ့တာလေ ပြီးတော့ မောင်ကိုယ်တိုင်ပဲ ကွာရှင်းပါ့မယ်လို့ ကတိပေးခဲ့တယ် မလား"

"Sorry နွယ် ကိုယ်ပြောချင်တာအဲ့သဘောမဟူတ်ပါဘူး ကိုယ်အမြန်ဆုံးကွာရှင်းမှာပါ ကိုယ်နွယ့်ကိုပဲချစ်တာပါ သူကမိဘတွေအတင်းပေးစားလို့ယူခဲ့ရတာ မောင် တစ်စက်ကလေးမှမချစ်ဘူး"

"ဟုတ်"

မောင့်စကားတွေက အစစ်အမှန်ဆိုတာ ငါမယုံဘူး။ သူတစ်ခုခုကို လျို့ဝှက်ထားတယ်ဆိုတာ ငါရဲ့မသိးစိတ်ကသိနေတယ်။
ဒါကြောင့် မောင် ပြန်သွားတော့ မောင့်ရဲ့ကားနောက်ကနေ တိတ်တိတ်ကလေးလိုက်လာခဲ့တယ်။

မောင် အိမ်ထဲဝင်သွားတော့ အမျိုးသမီးတစ်ယောက်ကအပြုံးတွေနဲ့ထွက်ကြိုတယ်။ ထိုအမျိုးသမီးလေးက ပါးချိုင့်လေးလည်းပါပြီး ရိုးရိုးယဥ်ယဥ်လေးရယ်။ အင်း...ငါ့ထပ်တော့ကြီးပုံရတယ်။ ငါသေချာတွေးကြည့်တော့ ထိုအမျိုးသမီးလေးကအစစအရာရာ ပြည့်စုံနေတာရယ်။ ထိုအမျိုးသမီးကို မောင် မချစ်ဘူးဆိုတာ နည်းနည်းလေးမှမယုံတော့ဘူး။

နွယ် ဆိုတဲ့ငါ့ကို အကွက်ကျော်လို့မရဘူး မောင်!
နွယ်ဆိုတာ အချစ်ကြီးသလို အမျက်လည်းကြီးတယ်။ မောင် သွေးမျက်ရည်ကျစေရမယ်!!!

အဲ့နေကစပြီး ငါထိုအမျိုးသမီးလေးကို စုံစမ်းခဲ့တယ်။ သူမနာမည်က ယဥ်ယဥ်သန့် ဖြစ်ပြီး "ထက်" ရတနာပစ္စည်းဆိုင်ဖွင့်ထားတယ်။ ယဥ့်ရဲ့ချမ်းသာကြွယ်ဝမှုတွေက မနည်းမနောရယ်။ ပြီးတော့ မောင်။ မောင်ကထိုအမျိုးသမီးလေးကို လှည့်စားနေတာ! ငါ့ကိုရော်ပဲ!!

GL Short  Fiction Collections🏳️‍🌈Όπου ζουν οι ιστορίες. Ανακάλυψε τώρα