သူငယ်ချင်းမလေး🌫

415 34 1
                                    

Unicode

အခန်းထဲကိုဝင်လာကတည်းက တပြုံးပြုံးနဲ့ ပျော်ရွှင်နေသည့်သူမကိုတွေ့လိုက်ရသည်။ ရယ်လိုက်လို့ပေါ်လာတဲ့ သွားတက်လေးတွေကမြတ်နိုးစရာကောင်းလှသည်။ ဆံပင်ကုတ်ဝဲလေးကိုမှ အရှေ့ဆံပင်ကဆံမြိတ်ချထားတာမဟုတ်လို့ မျက်နှာလေးကပြောင်ရှင်းနေပြီး မြင်သူတိုင်းရင်အေးရသည့်ရုပ်ကလေး။ ထိုအမျိုးသမီးလေးဟာ ကျွန်မရဲ့သူငယ်ချင်းလည်းဖြစ်သလို ကျွန်မခိုးချစ်နေရသည့်Crushလေးလည်းဖြစ်သည်။

"နဒီ!! လာတာနောက်ကျလိုက်တာဟာ နင်မြန်မြန်လာဖို့ကို ငါဆုတောင်းနေရတာ"

နွေးနွေးက သူမရဲ့ဆံပင်ကောက်ကောက်ကလေးတွေကိုလက်ဖြင့်
လိမ်လိုက်ပြီး ငြီးညူးသည်။

"ဘာလို့လဲ"

"လဲ့ခတ်ပေါ့"

နွေးနွေးက လဲ့ခတ်ကိုမေးဆတ်ပြသည်မို့
သူမcrushလေးကို ကြည့်ရင်းမေးရတော့သည်။

"ဘာဖြစ်လို့လဲ လဲ့ရဲ့"

"ဟို..ငါcrushအစ်ကိုကြီးက ငါ့ကိုNoticဖြစ်သွားတယ်နဲ့တူပါရဲ့ ခုနကငါ့ကိုဝရန်တာမှာ စကားလာပြောတယ်။ လာမိတ်ဆက်တာပေါ့ ဟီး"

သူပြောနေသည့် Crushအစ်ကိုကြီးဆိုတာ Lawကအစ်ကိုကြီးမှန်းသိလိုက်သည်။ Dramaဆန်ဆန် ကျောင်းတက်သည့်ပထမဆုံးနေ့မှာပင် လဲ့ရဲ့ဖိနပ်ကပျက်သွားသည်။ Lawကအစ်ကိုကြီး ထက်ရန်ကမြင်ပြီးဝင်ကူညီပေးရမှ ချောမောလှသည့် ကိုထက်မျက်နှာကိုမြင်ပြီး လဲ့တစ်ယောက်သဘောကျသွားသည်။

သဘောကျလည်းကျချင်စရာ။ ကိုထက်ကLaw Kingဖြစ်ပြီး ခန့်ညားကာအစစအရာရာပြည့်စုံသည်။ မိန်းကလေးတိုင်း၏အိမ်မက်မင်းသားဆိုလည်းမမှားပေ။

တစ်ယောက်သောသူကပျော်နေသလောက် နောက်တစ်ယောက်ကတော့မျက်နှာပျက်နေသည်။

-မင်းပျော်နေတော့လည်း ငါနာကျင်နေရတာတောင် ပိီတိဖြစ်မိသား-

နဒီကအလိုက်အထိုက်ပဲ ပြုံးကာပျော်ရွှင်ပေးနေသည်။ သူချစ်ရတဲ့အမျိုးသမီးလေးစိတ်ချမ်းသာဖို့ကအဓိကပဲမလား...?

တစ်ရက်ပြီးတစ်ရက်အချိန်တွေကျော်ဖြတ်ရင်း သူစိုးရိမ်နေရသည့် ကိစ္စကဖြစ်လာတော့သည်။

GL Short  Fiction Collections🏳️‍🌈Where stories live. Discover now