Wait For Me...🎲

355 33 1
                                    

Unicode

ငါငှားလာတဲ့ကားလေးက တုန့်ခနဲရပ်သွားတယ်။ ကားသမားက ငါ့ကိုမရှိသလိုသဘောထားကာ ရှေ့ကတားနေတဲ့အမျိုးသမီးကို တင်ခေါ်တယ်။
ငါဘာမှမပြောမိ။ ငါကလည်း တစ်စီးလုံးငှားထားတာမှမဟုတ်တာ။

ဒါပေမဲ့ တက်လာတဲ့အမျိုးသမီးကလေ လက်ထဲမှာ စုံစံစိနေတာပဲ။ သူ့ပစ္စည်းတွေနဲ့တင် ငါ့မှာထိုင်စရာပျောက်လုနီးပါးပဲ။ ငါအဲ့အမျိုးသမီးကို စိတ်တိုတိုနဲ့ လှည့်ကြည့်လိုက်တော့ သူကအားနားဟန်ဖြင့်ပြုံးပြတယ်။ သူမမှာ ပါးချိုင့်လည်းမပါသလို သွားတက်လည်းမပါခဲ့။ သို့ပေမဲ့ သူမအပြုံးက အေးချယ်စဖွယ်။

"အမကြောင့် အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော်။ ညီမလေးရဲ့ကားခလည်း အမရှင်းပေးပါ့မယ်။ အမအလျင်လိုနေလို့ပါ"

"ရပါတယ်။"

"ကျေးဇူးပါ"

"ဘယ်သွားမလဲ ညီမ"

"အစ်ကိုကြီး မြအိမ်ယာ ကိုပို့ပေးပါ"

"အို အမကအဲ့မှာနေတာလား။ ညီမလည်း အဲ့အိမ်ယာကိုသွားမလို့"

"တိုက်ဆိုင်လိုက်တာ"

ဒီလိုနဲ့ငါနဲ့အမက ခင်သွားကြတယ်ဆိုပါတော့။ အမကငါ့ရဲ့အောက်ထပ်ကဖြစ်တာမလို့ သူ့အခန်းကိုအရင်ရောက်တယ်။

"ကျေးဇူးပါနော် ညီမ။ ကားကဝပ်ရှော့ပို့ထားလို့ရယ်"

"ဟုတ်။ နောက်အကူအညီရှိရင်ဖြစ်ဖြစ် စျေးသွားရင်ဖြစ်ဖြစ် ညီမကိုလှမ်းခေါ်လိုက်နော်။ အတူသွားကြတာပေါ့။ ညီမလည်းရန်ကုန်ကိုအခုမှပြန်လာဖြစ်တာဆိုတော့ နေရာလေးတွေသိပ်မသိလို့"

"ဟုတ်ပါပြီရှင်"

ငါနဲ့အမ စကားပြောနေတုန်း အမအခန်းထဲကယောကျာ်းတစ်ယောက်ထွက်လာတယ်။ ဆံပင်တွေကရူပ်ပွနေပြီး အပေါ်ပိုင်းကဗလာကျင်း။ ဂျလဘီဆန်စွာ underwear 'CK' တံဆိပ်ကပေါ်နေသေးတယ်။ ငါဖြင့်သိပ်စိတ်ပျက်သွားတာပဲ။ ဒါဆိုအမဝယ်လာတဲ့ ဘီယာဘူးတွေကဒိ့လူအတွက်ပဲဖြစ်ရမယ်။

အမကငါ့ကိုနောက်တစ်ခါ အားနားစွာပြုံးပြပြီး အဲ့လူကြီးနဲ့မိတ်ဆက်ပေးပြန်တယ်။

GL Short  Fiction Collections🏳️‍🌈Where stories live. Discover now