Part- 2

429 89 120
                                    







Hoseok

ကျွန်တော်ရဲ့ တစ်နေ့တာ ပုံမှန်လုပ်နေကြအလုပ်တေက မနက်အိပ်ရာနှိုးရင် လမ်းထိပ်တစ်ပတ်လောက်ပြေးတယ် ပြီးရင် breakfast စားပြီး ရုံးသွားတယ် ရုံးပြန်ရင် မိသားစုနဲ့ညစာစားပြီး တစ်နေ့တာ အလုပ်စာရင်းတေလုပ်တယ်

တစ်ခါတစ်လေ အလုပ်ပိတ်ရက်တေဆိုလည်း စာအုပ်ဖတ်ရင်းနဲ့ပဲ အချိန်ကုန်နေတာလေ
ဒီလိုနဲ့ပဲ ဘဝ ဖြတ်သန်းနေတာ အသက် 26 နှစ်တောင်ရှိပြီ ဖေဖေ တို့က အချစ်ရေးစဥ်းစာဖို့အချိန်တန်ပြီလို့ပြောမယ့် ကိုယ်တိုင်ကိုက အလုပ်ကလွဲပြီး ဘာမကိုမ စိတ်မဝင်စားတာက ခက်၏....

" သား...လာလေ..breakfast လာစား.."

" ဟုတ်ကဲ့...မေမေ "

ဒီနေ့ ကျွန်တော် အိပ်ရာနောက်ကျသည်ထင်တယ် breakfast ဝိုင်းမှာ အကုန်စုံနေပြီ

" သားငယ်...ကိုကိုလေးကို..ကော်ဖီ ထည့်ပေးလိုက်အုံး "

" ဟုတ်..မေမေ ကိုလေး..ကော်ဖီ ခွက်ပေးလိုက်...
ဂျီမင်းနီး ထည့်ပေးမယ်"

ကော်ဖီ ထည့်ပေးဖို့ ဂျီမင်းနီးကို ကော်ဖီခွက်လှမ်းပေးလိုက်သည်

" သားလတ်..company မှာ ရှယ်ယာစျေးတေအဆင်ပြေရဲ့လား.."

" ပြေပါတယ် ဖေဖေ ရဲ့ နောက်အပတ်ကျရင် နိုင်ငံခြား ရှယ်ယာဝင် တစ်ယောက် ရောက်လာဖို့ရှိတယ် ဖေဖေ"

" ဟုတ်လား..အင်း..သားကတော့ ဖေဖေ မျက်နှာလွဲလို့ရနေပါပြီကွာ..."

" ဖေဖေ ကလည် ကိုလေးကိုပဲ ချီးကျူးနေ  ဂျီဂျီ လည်းကျောင်းပြီးတာနဲ့ ဖေဖေ company မှာ အလုပ်ဝင်မှာပါနော်..."

" ဖေဖေ ရဲ့ သားငယ် က အတော်ဆုံးတာ သိပါတယ်
ပြီးတော့ သားကြီးကလည်းတော်တယ် ကိုယ်ဝါသနာ ပါရာ တစ်ခုကို ထူးချွန်အောင်လုပ်တယ် ဖေဖေ သားတေ အာလုံးတော်ကြတယ် ကဲ ကျေနပ်ပြီလား"

" ဟီး..ကျေနပ်ပြီ "

" ဂျီမင်းနီး...ကျောင်းသွားရင် ကိုလေးနဲ့လိုက်ခဲ့"

" မလိုက်တော့ဘူး ကိုလေး...ဂျီဂျီကကုကီးနဲ့တူတူသွားဖို့ပြောထားတယ်"

Infinity loveWhere stories live. Discover now