Part -3

369 75 45
                                    







ညနေ ဟိုအိမ်ကထမင်းစားဖိတ်ထားတာသွားရမှာမို့
အိမ်ကိုစောစာလေးပြန်ခဲ့လိုက်သည်
လမ်းတစ်ဝက်ရောက်မ မေမေ က
shopping center တစ်ခုကအကျီ်ဆိုင်မှာ
သူမှာထားတဲ့ အကျီ်လေးဝင်ယူပေးပါအုံးဆိုလို့
ဝင်ယူရင်း နာရီလေးတစ်လုံးလောက်ဝယ်ဖို့
စိတ်ကူးမိတာကြောင့် နာရီ brand ဆိုင်တစ်ဆိုင်ကိုဝင်လိုက်သည်

နာရီရွေးနေရင်း စားပွဲအလယ်မှာတင်ထားတဲ့
ရွှေရောင်နာရီလေးတစ်လုံးကိုသဘောကျမိတာမို့
ဝယ်ဖို့စိတ်ကူးရင်း နာရီကိုကိုယ်လိုက်တော့
လူတစ်ယောက်နဲ့အတူတူကိုင်လိုက်မိသည်
ဘယ်လိုလူပဲဖြစ်ပါစေ နာရီရဖို့တောင်းပန်ပါမယ်ဆိုပြီး
ထိုလူကိုကြည့်လိုက်တော့ လူဂွ့စာကြီး
ကျွန်တော်တောင်းပန်မယ်လို့ပြောမယ့်အထဲမှာ
အဲ့လူတော့မပါဘူး.....

နှစ်ယောက်သားနာရီလေးတစ်လုံးဖို့အချင်းများရင်း
နောက်တော့ ကျွန်တော့်ကိုအနိုင်နဲ့ပိုင်းပြီးဆိုင်ထဲကထွက်သွားသည် စိတ်တေတိုလိုက်ဆိုတာ
center ထဲမှာတင်လူသတ်ပွဲတေဘာတေဖြစ်ချင်တာ
ဟင်းးးးး..စိတ်လျော့ ထယ်ယောင်း
စိတ်လျော့..ဟ..တစ်ကွေ့ကွေးတော့တွေ့အုံးမှာပါ....


" သား အခုအထိရေမချိုးရသေးဘူးလား
ဟော်တော် ဘာမမကိုမပြင်ရသေးဘူး
ဒီကလေးကတော့နော် "

" သား ပြင်ပြီးပါပြီမေမေရဲ့ ဒီအတိုင်းလိုက်မှာလေ
ရေချိုးတာကတော့ အဲ့ကပြန်မပဲ ချိုးတော့မယ်
မေမေလည်းသိရဲ့သားနဲ့ သားကအိပ်ရာဝင်ရေချိုးပြီးမ
အိပ်တတ်တာလေ အခုချိုးလိုက်ရင် နှစ်ခါကြီးချိုးနေရမှာပေါ့ "

" အင်း..အင်း ရေမချိုးတာဟုတ်ပါတယ် သားရယ်
အဝတ်လေးတော့လဲခဲ့လိုက်နော် "

" သား အဝတ်ကဘာဖြစ်နေလို့လဲ မေမေရာ"

ညဝတ်အကျီ်သာသာလောက်ရှိတဲ့ အကျီ်ကို
လက်ဖျံပေါ်ခေါက်တင်ထားပြီး
ဘောင်းဘီတိုကိုလည်း ပေါင်နားမှာ
ဖြဲထားသေးသည် ခေါင်းကိုလည်း
သေချာမဖြီးထားတာဖို့ ဆံပင်ကောက်ကောက်လေးတေက ပွထနေသည်

" ကိုယ့်ကိုယ်ကိုပြန်ကြည်ပါအုံး ကိုကြီးရာ
ထမင်းစားသွားမှာနော် ကိုကြီး လမ်းဘေးသွားပြီး
ခွက်ကိုင်မှာမဟုတ်ဘူး
သပ်သပ်ရပ်ရပ်လေးပြန်ဝတ်လိုက်ပါနော် "

Infinity loveWhere stories live. Discover now