Part - 4

361 70 45
                                    




မနက်မိုးလင်းလင်းချင်း စိတ်လေးကြည်ရမလား
အောက်မေ့တယ် မာတာမိခင် မေမေရဲ့စကားကြောင့်
စောစောစီးစီး စိတ်ရှုတ်ရပြန်ပြီ။
ဒီနေ့က Sunday ဆိုတော့ တစ်အိမ်လုံးရဲ့
အားလုပ်ရက်မို့ မေမေက ဆန်မုန့်လုပ်ကျွေးသည်မို့
ဟိုအိမ်ကိုပါ ဆန်မုန့်သွားပေးခိုင်းသည်တဲ့လေ။

" မေမေ့ သားကလိမ္မာပါတယ် ပြန်လာမ
မုန့်စားတော့နော် တော်ကြာ မုန့်တေအေးကုန်မှာစိုးလို့ပူပူနွေးနွေးလေး စားရအောင်လို့"

" အငယ်ကောင်ကို သွားပို့ခိုင်းလိုက်တာမေမေရာ
သား ပိတ်ရက်လေးကို အေးအေးဆေးဆေးနားချင်
လို့ပါ "

" သားငယ်က မနက်အစောကြီးထဲက Gym သွားတာ
ပြန်မလာသေးဘူးလေ သားရဲ့"

" အဲ့ဒါဆို အန်ကယ် ဂါး"

" ကင်ထယ်ယောင်း အမေကဒီလောက်အာပေါက်မတတ်ပြောနေတာကို ပြောစကားနားမထောင်ဘူး
သားလေးနှစ်ယောက်ရှိတာ မိဘစကားနားထောင်ပြီး
လိမ္မာတယ်ထင်နေတာ အကြီးဖြစ်ပြီး
မိဘစကားနားမထောင်တာ ရင်နာလို့ကိုမဆုံးဘူး
ဟင့်...."

မေမေစကားဒီစကားတေစပြောပြီဆိုရင် သိလိုက်ပါပြီ
ဒရမ်မာတေစခင်းတော့မယ်ဆိုတာ ပြီးရင်
ဘယ်ကရောက်လာမှန်းမသိတဲ့ နှလုံးတေ
သွေးတိုးတေ ကျောက်ကပ်တေ အသည်းတေရော
စုံနေတဲ့ရောဂါအမျိုးအမည်တေပြောပြီး
သူ့ကိုစိတ်ချမ်းသာအောင်မထားချင်ကြဘူးလားဆိုပြီး
အချိုသပ်ပြီး သူဖြစ်ချင်တာကိုမရရအောင်
ခိုင်းတတ်သည်

" တော်ပါတော့ မေမေရယ် သားသွားပေးပမယ်
ဟုတ်ပြီလား"

"ခုနတည်းက သွားမယ်လို့ပြောလိုက်ရင်ပြီးရောကို
အခုအဝတ်အစားလဲပြီးဆင်းခဲ့နော် မေမေ မုန့်သွား
ထည့်လိုက်အုံးမယ်"

" သဘောရှိပါခင်ဗျ"

ကျွန်တော်လည်းအဝတ်အစားလဲပြီး မေမေ
ထည့်ပေးလိုက်တဲ့ မုန့်ကိုယူပြီး ဟိုအိမ်ကိုသွားပေးဖို့
ထွက်လာခဲ့လိုက်သည်။

လမ်းတစ်နေရာ မီးပွိုင့်မိနေတုန်း လမ်းဘေးတစ်နေရာကိုကြည့်လိုက်တော့ ကော်ဖီဆိုင်တစ်ခုထဲကထွက်လာတဲ့ ဟိုလူနဲ့ကောင်မလေးတစ်ယောက်။

Infinity loveWhere stories live. Discover now