Part - 8

544 70 23
                                    







SEOUL မြို့ရဲ့ နာမည်အကြီးဆုံး
GREAD HOTEL ကြီးမှာ Jung အိမ်တော်မှ
သားငယ်လေး ရဲ့မဂ်လာပွဲကိုခမ်းနားစွာကျင်းပ
နေသည်။ သတို့သားလေး ဂျီမင်း ကတော့
သူ့ဘဝရဲ့ပါရမီဖြည့်ဘက် အမျိုးသားလေး
ဂျောင်ကုကီးရဲ့လက်မောင်းကိုချိတ်ဆွဲရင်း
သူ့ရဲ့မျက်လုံးသေးသေးလေ မှိတ်သည်ထိအောင်
ရယ်ပြရင်း ခန်းမထဲကဧည့်သည်များကို
နှုတ်ဆက်နေသည်။


" ဂီလေး ကိုယ်တို့ပါ တစ်ခါတည်းမဂ်လာဆောင်သွားလိုက်မလားဟင် "

" မဂ်လာဆောင်ရအောင် မင်းဘယ်တုန်းက
ငါ့ကိုလက်ထပ်ခွင့်တောင်းလိုက်တာလဲ "

" ဟာဗျာ ကိုယ့်ရဲ့ကြောင်ပေါက်ပိစိလေးက
စိတ်ကောက်နေတာလား အခုပဲလက်ထပ်ခွင့်
တောင်းလိုက်ရမလား "

" တော်ပါ အဘွားကပြောထားတယ်မို့လား
ဟို ကြောင် နဲ့ကြွက် အတွဲကိုအရင်ဆောင်ခိုင်းရမယ်တဲ့
သူတို့နှစ်ယောက်စိတ်က မျောက်စိတ်မို့လို့တဲ့လေ
မြင်ယောင်ပါသေးတယ် ဒီနေ့မဂ်လာဆောင်
ဒီနေ့ကွာရှင်း အဲ့လိုဖြစ်နေမှာ"

" သူများအကြောင်းတေကို ပွစိ ပွစိ ပြောမနေပါနဲ့တော့
ကိုယ်တေအကြောင်းပဲပြောရအောင်နော်
အချစ်လေး "

" မနာလိုလိုက်တာနော် ပထမဆုံးချစ်သူဖြစ်ရပြီး
နောက်ဆုံးမလက်ထပ်ရတယ်လို့ ပထမဆုံး
ပန်းဝင်ပြီးပထမဆုမရတဲ့အပြေးသမားလေးလိုပေါ့"

" အော် ဂီလေးရယ် ဘယ်အချိန်ပဲယူယူ
အချိန်တန်ရင် လင်လင်တေပဲဖြစ်မှာပဲကိုကွာ
ဘွားဘွားကလည်းဟိုနှစ်ယောက်စိတ်မပြောင်းခင်
အရင်စီစဥ်လိုက်လို့အခုလိုဖြစ်သွားတာပါ"

နမ်ဂျွန်းကတော့ နှုတ်ခမ်းလေးတထော်ထော်နဲ့
ပွစိပွစိပြောနေတဲ့ သူ့ရဲ့ကြောင်ပေါက်လေးကို
ကြည့်ရင်း အသဲတယားယားဖြစ်နေသည်။

" အား "

ဘေးနားမှာထိုင်နေတဲ့ ထယ်ယောင်းရဲ့ခပ်အုပ်အုပ်
အော်သံကြောင့် ဟိုဆော့လှည့်ကြည့်လိုက်တော့
သူ့ကိုမျက်ထောက်နီနဲ့ကြည့်နေတာမို့
"ဘာလဲ" ဆိုပြီးမေးငေါ့ပြလိုက်သည်။

You've reached the end of published parts.

⏰ Last updated: Jun 02, 2022 ⏰

Add this story to your Library to get notified about new parts!

Infinity loveWhere stories live. Discover now