Part - 7

388 60 39
                                    

ဘွားဘွားရဲ့ဆန္ဒအလျောက် ဂျီမင်းနီးနဲ့ ဂျောင်ကုကီးကို
အိမ်ပြန်ခေါ်ခဲ့သည်။ နှစ်ဖက်မိဘတေက
လူကြီးချင်း ဆွေးနွေးပြီး ကလေးတေရဲ့
မဂ်လာကိစ္စကိုစီစဥ်နေကြသည်။
ဘွားဘွားကအရာရာကိုသူ့စိတ်တိုင်းကျ
အားလုံးကိုသေချာစီစဥ်နေသည်မို့
ဘာမမဝင်မပြောဘဲ ပြောသမျှအကုန်ခေါင်းညိမ့်နေမိသည်။

" အမလေး မြေးငယ်လေး ကိစ္စကိုတော့
ရင်အေးသွားရပြီ ဟိုငရှုတ်လေးကိစ္စပဲကျန်တော့တယ်
မီဟယ် သမီးတို့ဘက်ကရော အန်တီပြောတာကို
သဘောတူရဲ့လား တော်ကြာ အန်တီတို့ဘက်
အတင်းအကျပ်ကြီးစီစဥ်သလိုဖြစ်နေမှာစိုးလို့"

" အော် အန်တီငယ် ရယ် ပြောစရာလူတေလားလို့
ဘာမသဘောမတူစရာအကြောင်းမရှိဘူး
သားတို့အဖေကလည်း ကျွန်မသဘောပဲရယ်
ထယ်ယောင်းလေးလည်းအိမ်ထောင်ပြုရမယ့်
အရွယ်ရောက်လာပြီလေ တော်ကြာ
မတော်တရော်တေနဲ့တွေ့လာမှာစိုးတာ
အန်တီငယ်ရဲ့ "

" ဟုတ်တာပေါ့ အန်တီလည်း ဟိုဆော့ကီကို
အဲ့တာတေစိတ်ပူတာ အခုမပဲ စိတ်အေးရတယ်"

" ဖိတ်ချင်းဖိတ်ကိုယ့်အိတ်ထဲပဲဖိတ်တာ
အကောင်းဆုံးပဲ ထယ်ယောင်လေးကို
ဟိုဆော့လေးနဲ့ပဲစိတ်ချတယ်"

အော် အန်တီမီဟယ် သူ့သားကိုများကျွန်တော်နဲ့စိတ်ချတယ်တဲ့ ငါရှင်ချင်တယ် ပြဒါးတစ်လမ်း
သံတစ်လမ်းကိုဘယ်လိုများပေါင်းစည်းပေးဖို့
ကြိုးစားနေကြတာလိမ့်ဗျာ။

" မေမေ သားရောက်ပြီ"

အတွေးတို့ပင်ဆုံးခန်းမတိုင်သေး ဧည့်ခန်းထဲကို
ဝင်လာတဲ့ ထယ်ယောင်းကြောင့်
လူကဇောချွေးပင်ပြန်ချင်လာသည်။
ဒင်းကဘာမမသိသေးလို့အခုလိုနေနိုင်ပေမယ့်
ကျွန်တော်တို့ကိုသဘောတူထားတာကိုသိနေတဲ့
ကျွန်တော်ကတော့မျက်နှာတစ်ခုလုံပူထူနေပြီ။

"အန်တီငယ် ဒါ မီဟယ်ရဲ့သားကြီး
ထယ်ယောင်းလေ အမေတူဆိုတော့ချောတယ်မို့လား
အန်တီငယ်"

" ခန့်ညားပြီးချောလိုက်တာ မီဟယ်က
သားအချောလေးတေကြီး ပိုင်ထားတာပဲ
အဘွားမြေးတေကတော့ အိမ်ထောင်ဘက်ကောင်းတေနဲ့ တွေ့ကြတာပဲ "

Infinity loveWhere stories live. Discover now