Part-6

395 65 100
                                    

ဟိုဆော့တစ်ယောက် ဂျီမင်းတို့အကြောင်းသိပြီး
တကည်းက သူ့ညီကိုလုံးဝမျက်ခြေအပျက်မခံစောင့်ကြည့်နေသည် ကျောင်းသွားရင်တောင်မှ
သူကိုယ်တိုင်လိုက်ပို့ပေးပြီး ဂျီမင်းအနားမှာ
လူယုံတစ်ယောက်နောက်ယောင်ခံထားသည်။

" သန့်စင်ခန်းထဲဝင်သွားပါတယ် Boss "

" ဟုတ်ပြီ သေချာစောင့်ကြည့်ထား "

ဂျီမင်း သူ့နောက်ကလိုက်လာသည့် ဟိုဆော့ရဲ့လူယုံကို
မျက်ခြေဖျက်ပြီး သန့်စင်ခန်းထဲကနေ ပြေးထွက်သွားပြီး ဂျောင်ကုနဲ့ချိန်းထားတဲ့နေရာကိုဦးတည်လိုက်သည်။

" ကုကီး...."

အသံလာရာကိုလှည့်ကြည့်လိုက်တော့ ကျွန်တော့်ဆီကိုပြေးလာတဲ့ အရမ်းလွမ်းနေရတဲ့လူသားလေးပင်။
အနားရောက်တော့ ချက်ချင်းဆိုသလို ထိုလူသားလေးကိုရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

" ကု..ကီး..အင့်..အရမ်း..အင့်..လွမ်းနေတာ"

" အခုတွေ့နေရပြီပဲ ဂျီလုံးလေးရယ် မငိုနဲ့တော့နော် "

" ကုကီး ငါတို့ထွက်ပြေးရအောင်နော်"

" ခဏတော့သည်းခံပါအုံး ဂျီဂျီရယ် ကိုယ်လည်း
အဲ့ကိစ္စကိုစဥ်းစားနေပါတယ် အခုထွက်ချက်ချင်းထွက်ပြေးလို့ ကိုယ်တို့လွှတ်မယ်ထင်လို့လား
ပိုလို့တောင်ဝေးသွားလိမ့်မယ်"

" အဲ့ဒါဆို ဂျီဂျီတို့ဘယ်လိုလုပ်ကြမလဲဟင်
ကုကီးနဲ့အကြာကြီးမခွဲနိုင်တော့ဘူး "

" ဟုတ်ပါပြီ ကလေးလေးရယ် ကိုယ့်မှာအကြံရှိပါတယ်
ဒီတစ်ခါတော့ကိုယ်တို့အတူတူနေရတော့မှာပါ"

ကလေးတစ်ယောက်လိုရင်ခွင်ဝင်ပြီး ငိုမဲ့မဲ့ဖြစ်နေတဲ့
ကောင်လေးရဲ့ခေါင်းလေးကိုပုတ်ရင်း နှစ်သိမ့်ပေးနေမိသည်။ ကျွန်တော်လည်းချစ်သောဒီကောင်လေးနဲ့
ဘယ်လိုနည်းမမခွဲနိုင်ပါ။

" ဂျောင်ကု စာမေးပွဲနီးနေပြီနော် စာကိုသေချာလုပ်နော်
ဒီနှစ်ပြီးတာနဲ့ LA ကိုပညာဆက်သင်ဖို့သွားရမှာ"

စာလုပ်နေတုန်း အနောက်ကနေ LA သွားဖို့ကို
ပြောနေတဲ့ ကိုကြီးစကားကိုမသိချင်ယောင်ဆောင်ကာ
စာကိုပဲအာရုံစိုက်နေချင်ယောင်ဆောင်လိုက်သည်။
ကိုကြီးသိထားဖို့ကလေ ကျွန်တော်ကလေ
ပတ်ခ်ဂျီမင်းဆိုတဲ့ကောင်လေးမရှိတဲ့အရပ်ကို
ခြေဦးလှည့်ဖို့စိတ်ကူးမရှိဘူးဆိုတာကိုပဲ သိရဲ့လား။

Infinity loveWaar verhalen tot leven komen. Ontdek het nu