Part - 5

386 65 19
                                    






ဒီနေ့ Hotel မှာ အရေးကြီးတဲ့ နိုင်ငံခြားလုပ်ငန်းရှင်တစ်ချို့နဲ့တွေ့ဖို့ အချိန်နောက်ကျနေသည်မို့
လူကစိတ်လောနေမိသည်။မနေ့ညက
အလုပ်တေလုပ်ရင်း အိပ်ရာဝင်တာ
နောက်ကျသွားတာကြောင့် မနက်ကိုနောက်ကျမ
အိပ်ရာထိမိသည်။ နှိုးစက်ကလည်း ဒီနေ့မ ဘာကြောင့်
မမြည်သည်မသိ။

" သားရေ မနက်စာ..."

" မစားတော့ဘူး မေမေရေ company နောက်ကျနေပြီ "

ဧည့်ခန်းထဲမနက်စာစားဖို့မေမေ့ရဲ့အသံကိုဂရုစိုက်နိုင်တော့ဘဲ အိမ်ရှေ့ကကားရပ်ထားနေကျနေရာကိုသာ
ဦးတည်လိုက်သည်။

" ဟာ...မေမေရေ သားကားဘယ်သူစီးသွားတာလဲ"

အိမ်ရှေ့ရောက်တော့ရပ်ထားတဲ့ ကားက ကျွန်တော့်ကား မဟုတ်ဘဲ ကိုကြီးကားဖြစ်နေသည်။

" မေမေပြောဖို့မေ့နေတာ သားကြီးရဲ့ကားက
ပျက်နေလို့ သားရဲ့ကားကိုယူသွားတာ"

" ဟာဗျာ အလုပ်နောက်ကျနေပါပြီဆို အငယ်ကောင်ရဲ့
ကားကရော မေမေ ဂိုဒေါင်ထဲမှာလား"

" သားငယ်က ဒီနေ့ကျောင်းကိုကားယူသွားတယ်လေ"

" ဟာ ဒါဆို သားကဘယ်လိုသွားရမှာလဲ
ကားငှားဖို့ရပ်ကွက်ထိပ်သွားတာနဲ့တင်
အချိန်ကုန်သွားတော့မှာ "

" သားကအစတည်းက ကြိုမပြောမထားတာ
မေမေလည်းဘယ်သိမှာလဲ မင်းအဖေကလည်း ခရီးက
ညနေမပြန်ရောက်မှာ "

မေမေနဲ့စကားများနေတုန်း အိမ်ထဲကိုကားတစ်စင်း
ဝင်လာသည်။

" ဟယ် သား ထယ်ယောင်းလေး "

စောစောစီးစီးသူများအိမ်ကိုဘာလာလုပ်ပြန်သည်မသိ။
မနေ့ကကိစ္စကြောင့်မျက်နှာချင်းမဆိုင်ရဲပါဘူးဆို
ကိုယ့်ရှေ့ကိုဆိုက်ဆိုက်မြောက်မြောက်ကြီး
ရောက်လာသည်။

" မေမေက မနက်ဖြန်ကျ အိမ်လာခဲ့ပါအုံးလို့
ပြောခိုင်းလိုက်လို့ပါ အန်တီ "

" အေးအေး သား အန်တီ မနက်ဖြန်လာခဲ့မယ်လို့
ပြောလိုက်နော် ဒါနဲ့လေ သား အန်တီ့ကို တစ်ခုလောက်
ကူညီပေးပါလား"

Infinity loveWo Geschichten leben. Entdecke jetzt