"ကိုကို လာမဲ့ တနင်္လာ တစ်ရက်လုံး
ကျွန်တော့်ကို ပေးရမယ်နော်"ထမင်းစားနေရင်း လီမင်ပြော
လိုက်တယ်။"ရှောင်မင် ကိုကိုက ဂျူတီရှိချင်
ရှိနိုင်တယ်ကွ""ဟာ မရဘူး ကျွန်တော်အလုပ်ဝင်ဖို့ ပထမဆုံးရက်လေ"
"အော် ဘာလိုလိုနဲ့ ငါတို့ရှောင်မင်အလုပ်ဝင်ရတော့မယ်နော် အချိန်တွေကုန်တာမြန်လိုက်တာ"
ပါးပါးက ထမင်းစားရင်းနဲ့
ဝင်ပြောပြီး သူတို့နှစ်ယောက်ကို
ငေးကြည့်လာတယ်။" ပါး ရှောင်မင် လူကြီးဖြစ်လာတာ ဝမ်းသာရမှာပေါ့ ပါးရယ်"
ပါးမျက်နှာပေါ်က ဝမ်းနည်းရိပ်တွေ လျော့ပါးသွားဖို့ ရိပေါ် နှစ်သိမ့်ပေး
လိုက်တယ်။"ကဲပါ ရှောင်မင်ရယ် ကိုကို
မအားရင်ပါး လိုက်ပို့မယ်နော်"ရှောင်မင်က နှာခေါင်းရှုံ့လိုက်ပြီး
"မရဘူး ကိုကိုဘဲ သူ မပါရင်
မသွားဘူး"ပြောပြီးတော့ ထမင်းဝိုင်းကနေ
ထထွက်သွားတယ်။" ရိပေါ် သား အဆင်ပြေပါ့မလား"
"သား ကြိုးစားကြည့်ပါ့မယ် ဂျူတီ
လဲဖို့လေ အဆင်ပြေမှာပါ စိတ်မပူနဲ့နော် ပါး"ထမင်းစားပြီးတော့ ရိပေါ်ခမျာ
ဆေးရုံပြန်ဖို့ အလောတကြီး
ပြင်ရတယ်။ ဆယ်နာရီရထားကို
မီမှ မနက်ဂျူတီဝင်နိုင်မှာ။"သားပြန်ပြီနော် ညနေစာ
စားကောင်းတယ်
ကျေးဇူးတင်ပါတယ် ပါး"အိမ်ပေါက်ဝအထိ လိုက်ပို့ပေးတဲ့
ပါးကို နှုတ်ဆက်ပြီး ပြေးရတယ်။ ကောက်တေးလေးကိုတော့
surprise လုပ်ပြီး ချော့မှာမို့
ထားခဲ့လိုက်တယ်။ရထားနှစ်လိုင်းပြောင်းစီးရတာကြောင့်
ရိပေါ် ဆေးရုံနားနေဆောင်ပြန်
ရောက်တော့ ည ဆယ့်နှစ်ခွဲလုပြီ။ရွှမ်းဟွမ် ပြန်မရောက်သေးဘူးဆို
တော့ လူနာများနေတာလား။
စဉ်းစားရင်း အိပ်ပျော်သွားတယ်။-Phone Ringing-
" ဟယ်လို အားဟွမ်"
"ရိပေါ် မင်းပြန်ရောက်ရင်
လာခဲ့တော့ ဒါဘဲဟေ့"