" လီမင်"
အခန်းတံခါးမခေါက်ဘဲ အဖေက ဝင်လာတာကြောင့် ရုတ်တရက် လန့်သွားတယ်။
" အဖေ တံခါးလေးတော့ ခေါက်ပါအုံး"
"အံမာ လာသေး သားအဖချင်းများ။
အဲတာနောက်ထား မင်းမိတ်ဆွေဆိုပြီး လက်ဆောင်ခြင်းကြီးနဲ့ လူတစ်ယောက်
ရောက်နေတယ် ဆင်းလာအုံး"" ဟင် ဘယ်သူလဲ အဖေ"
"ငါ မသိဘူး ဆင်းလာခဲ့ အောက်မှာ
လဘက်ရည်နဲ့ ဧည့်ခံထားတယ်"လီမင် တွေ့လိုက်ရတာက ဆရာမစူးရန်ရဲ့ ဦးလေး။
"ဟင် ဘဘ ဘယ်လို လုပ်ပြီး ရောက်လာတာလဲခင်ဗျာ"
"ဒီလိုပါ အကူအညီလေးတောင်းချင်တာ
ရော အလုပ်ကိစ္စရော ရှိလို့ပါ"" ဟုတ်ကဲ့ ပြောပါ ဘဘ"
"စူးရန်က ပန်းချီကားတစ်ခုနဲ့ ပတ်သက်ပြီး မင်းနဲ့ ဆွေးနွေးချင်တာကြောင့် ဖိတ်ခိုင်း
တာပါ နောက်တစ်ခုက ဘဘ ခရီးထွက်
ရမှာမို့ အိမ်မှာ တစ်ပတ်လောက်လာနေပေးဖို့ပါဘဲ အလုပ်နဲ့ပတ်သက်ပြီး သူ့ကိုကူပေးနိုင်တာ မင်းဘဲရှိလို့ပါ ရှောင်မင်""ဟို ...ကျနော် မနက်ဖြန်မှ ဖြေပေးလို့
ရမလား ခင်ဗျာ အလုပ်ဇယား
ကြည့်ပြီးမှ ပြောနိုင်မှာမလို့ပါ""ဖြစ်နိုင်ရင် ကူညီပါလား ရှောင်မင် စူးရန်
သိပ်နေမကောင်းလို့ပါ"အဖေ့ကို ကြည့်လိုက်တော့.ခေါင်းငြိမ့်ပြတယ်
" ကူပေးပါ့မယ် ဘဘ ဘယ်နေ့လာရမလဲ"
" ဒီညနေက စလို့ပေါ့"
ဘဘက ခရီးထွက်သွားတယ်။ လီမင်
ရောက်တော့ ဆရာမက အိပ်နေတုန်းဘဲ။ နာရီဝက်လောက်ကြာမှ ဆရာမ နိုးလာတယ်။"ဆရာမ သက်သာရဲ့လား စွပ်ပြုတ်နဲ့ မုန့်လေးပြင်ထားတယ် စားပါအုံး ဟို ... အခန်းထဲ ရောက်လာတာက ဘဘက ဝင်ကြည့်ပေးပါ
လို့ မှာခဲ့လို့ပါ"" လီမင် ငါနဲ့တွဲမလား"
ဆရာမ နိုးလာလာချင်း ပြောလိုက်တဲ့စကားကြောင့် လီမင်တစ်ကိုယ်လုံးတောင့်တင်း
သွားရတယ်။"ဆရာမ ဘာကိုဆိုလို...."
"ထိုင်ပါအုံး ပြောပြချင်တာ ရှိတယ်--လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က အတန်းပြီးလို့
အိမ်ပြန်ချိန် မိုးသည်းထဲမှာ မိုးကာအကျီ
ငှားပေးဖူးတဲ့ ကောင်လေးကို ငါတစ်ရက်မှ
မမေ့ပါဘူး"