"ရိပေါ် ... ဟိုမှာကြည့်ပါအုံးကွာ ငါတို့
ပရော်ဖက်ဆာရဲ့ သန့်ပြန့်နေမှုကြီးကို
ဝေါ့ တကယ်ဘဲ ရုပ်လေးမှ အားမနာ
စားနေတာလား သွတ်နေတာလားမကွဲဘူး "ပရော်ဖက်ဆာ ရှောင်းကျန့်က ဆေးရုံ
ကန်တင်းမှာ ထမင်းစားနေတာ။" ရှူး ငါတို့ကို မမြင်ခင် လစ်ရအောင် လာ လာ"
ရိပေါ်နဲ့ ရွှမ်းဟွမ်က ရှောင်းကျန့် မမြင်ခင် လစ်မလို့ ကြံတယ်။
"ဟေ့ ဝမ် နဲ့ ရွှမ်း လာလာ ငါ့ဘေးမှာ နေရာလွတ်တယ်"
" ရိပေါ် မင်းကိုခေါ်နေတာ သွားလိုက်"
"မဟုတ်ဘူး ရွှမ်းတဲ့ ငါသေချာကြားတယ်
မင်းကိုခေါ်နေတာကွ"သူတို့နှစ်ယောက် တွန်းထိုးနေတုန်း
ရှောင်းကျန့်က ထပြီး ခေါ်တယ်။" ဟေး လာလေ နှစ်ယောက်လုံး"
ထမင်းစားချိန်မှာ ပြဿနာနဲ့တည့်တည့်
တိုးတာဘဲကွာ။ စိတ်ညစ်ညစ်နဲ့ဝင်ထိုင်ရ
တော့တာဘဲ။"အစားနည်းလိုက်ကြတာ ဘာလဲ ဝိတ်ချတာလား တော်ရုံလုပ်နော် ငါတို့အလုပ်က ပင်ပန်းတယ် အဲဒီတော့ စားမှဖြစ်မှာ"
ရှောင်းကျန့်က ပြောလည်းပြော စားလည်း
စားနေတယ်။"ဟို ပရော်ဖက်ဆာ ဒီအသားပြား
ကြော်လေးစားအုံးမလား" အားဟွမ်က
ရွဲ့ပြီး လောကွတ်လုပ်တာ။"ဟင် မင်းမစားဘူးလား ပေးပေး ငါစားမယ် ဟူး အသားတွေစားတာများသွားပြီကွ အီးပါရင် ပိုပြီး ပုပ်အုံးမယ် ငါမနေ့က ဝမ်းချုပ်နေတာကွ "
ရွှမ်းဟွမ်က မျက်ဆံလှန်ပြီး မေ့လဲကျတော့
မလို လုပ်ပြတယ် သောက်ကျိုးနည်း
စားသောက်နေရင်းနဲ့ကိုကွာ။အဲဒီနေ့က ရိပေါ်တို့ နှစ်ယောက်လုံး ပရော်ဖက်ဆာနဲ့အတူ ပျို့ရင်း အန်ရင်း ထမင်းစား
ခဲ့ရတယ်။ရွှမ်းဟွမ်ဆိုတဲ့ကောင်က ဘယ်က အလေအပေသတင်းတွေကြားလာတာလဲ ဘာတဲ့
ပရော်ဖက်ဆာ အသစ်က အင်မတန်အသန့်ကြိုက်တဲ့ လူပျိုကြီးတဲ့။ ကြည့်ပါအုံး
ပဲဟင်းရည်က ဂျူတီကုတ်ပေါ်ကျပြီး
ပေသွားတာကို လက်ညှိုး တံတွေးဆွတ်ပြီး ပွတ်တယ်။ ပြီးတော့ အဲ့လက်နဲ့ ဟိုဟာ
ကိုင်စား ဒီဟာကိုင်စားနဲ့။