(၁၀)

1.3K 73 6
                                    

‌အဖေနဲ့ ရှောင်မင် ညနေစာ အတူမစားဖြစ်တာ နည်းနည်းကြာပြီ။

" သား စားမကောင်းဘူးလား နေရောကောင်းရဲ့လား မင်းကြည့်ရတာ ယိုင်နဲ့နဲ့ နဲ့"

"နေကောင်းပါတယ် အဖေ စားလို့လည်းကောင်းပါတယ်"

"အင်း သား မနက်ဖြန်ညအားလား မအားလည်း အချိန်ပေးရမှာ မဖြစ်မနေ"

"မနက်ဖြန်ညနေတော့ အားတယ် ပိတ်ရက်လေ တခြားကိစ္စလည်း မရှိပါဘူး ‌အဖေ
ဘယ်သွားချင်လို့လဲဟင်"

"မသွားဘူး မင်းကိုကို လာမယ်တဲ့ အဖေတို့
မဆုံဖြစ်ကြတာ ကြာနေပြီလေ ပြီးတော့
အဖေ့ကို သူ သေချာပြောပြချင်တာရှိတယ်
လို့လည်း ပြောထားတယ် သားကိုလည်း
သိစေချင်တယ်လေ အဖေက"

" ဟုတ်ကဲ့ အဖေ"

ကိုကိုအိမ်ပြန်လာတာ သဘောကျပေမဲ့ 
စိတ်ထဲမှာ မတင်မကျဖြစ်ရတယ်။
သူနဲ့ကိစ္စပြောပြဖို့ဆိုရင် အဖေကလက်ခံ
ပါ့မလား၊ ဒါပေမဲ့ ကိုကိုက အဖြေတစ်ခုမှ
သူ့ကိုမပေးသေးတော့ ပြောမယ်ဆို သူနဲ့
အရင်တိုင်ပင်မှာပါ။ ကိုကိုက လီမင့်ဆန္ဒ
မပါရင် ဘာမှမဆုံးဖြတ်ပါဘူး။

ဒီတစ်ခါ ကိုကိုအိမ်ပြန်လာမယ် ဆိုတာက
လီမင့်ကို အတွေးများစေတယ်။

-------------

-- Ringing---

နေ့လည်စာ စားပြီး ခဏလေးနားနေတုန်း
ဖုန်းခေါ်လာသူကရှောင်မင်။

" ဟယ်လို ရှောင်မင် ကိုကိုပါ"

"အင်း သိတယ်လေ ကိုကိုမှန်း။ ဘာတွေ
လုပ်နေလဲ"

" အင်းနေ့လည်စာ စားပြီး ခဏလေး နားနေတာ ရှောင်မင်ရော "

" ကျွန်တော်က ကိုကို့ကို သတိရနေတာ"

" အင်း.... "

ရိပေါ် တစ်ခုခုပြောမလို့ ပြင်ဆဲမှာ.. နားနေခန်း တံခါးပွင့်လာပြီးဝင်လာသူကရှောင်းကျန့်။
ရိပေါ် text ပို့ပြီး ဖုန်းချလိုက်တယ်။

"အား... စာတမ်းဖတ်ပွဲ မတက်ချင်ဘူးကွာ.... တက်ရမယ်လို့ ကြိုမပြောဘူး ငါက စာမဖတ်ထားဘဲ ဘာနဲ့ဆွေးနွေးရမှာလဲ ရား... ခေါင်းတွေတောင် မူးတယ် "

Deviation of LoveWhere stories live. Discover now