(၄)

1.4K 81 0
                                    

"ရိပေါ်ရေ ပြန်ကြစို့ဟေ့"

ရှားရှားပါးပါး ဂျူတီက ပုံမှန်ချိန်အတိုင်း
ထွက်လို့ရတယ်။

အားဟွမ်နဲ့ ရိပေါ် ထွက်လာတော့....

" ဟေး ရွှမ်းဟွမ် နဲ့ ရိပေါ်ရေ...."

သူတို့နှစ်ယောက်လုံးခြေလှမ်းတွေတုံ့ခနဲ ရပ်သွားပြီး ကြည့်လိုက်တော့...Prof ရှောင်းကျန့် က လက်ကိုဝှေ့ရမ်းပြရင်း သူတို့ဆီပြေး
လာတယ်။

"မင်္ဂလာပါ ဌာနမှူး " 

"အွန်း အလုပ်ချိန်ပြီးပြီဆိုတော့ ငါတို့ အရက်သွားသောက်ကြမလား  ထမင်းလည်းစားမယ်လေ ကောင်းတယ်ဟုတ်"

" အိုကေလား အဆင်ပြေလား သွားစို့"

ရိပေါ်တို့ နှစ်ယောက်ပခုံးတွေကနေ တွန်းရင်း ဇွတ်အတင်းဆွဲခေါ်တော့ ညဈေးဘက်ရောက်လာကြတယ်။

"ကြက်ကြော် အစပ်ဂိတ်ဆုံး ပြီးတော့ ဖက်ထုပ်ကြော် နှစ်ပွဲ ပင်လယ်ကျောက်ပွင့်သုပ်တစ်ပွဲ အသီးအရွက်စုံသုပ်တစ်ပွဲ ဘီယာ ငါးလုံးချပေးနော် အဒေါ်"

ရှောင်းကျန့်က ဦးဆောင်ပြီးမှာတယ်။ သူတို့နှစ်ယောက်ကတော့ ဘာပြောရမှန်းမသိ။
ညလယ်စာ စားဖို့လား ပျော်ပွဲစားဖို့ မှာနေတာလား ပရော်ဖက်ဆာရာ။

"ကဲ ဘီယာလာပြီ အရင်ဆုံး စထားစို့"

ရှောင်းကျန့်က ကမ်းပေ့လုပ်ဖို့ သူတို့မျက်နှာကိုကြည့်မိလိုက်တော့ ....

"ဘာလဲ ဌာနမှူးမို့ကြောက်နေတာလား
အလုပ်ချိန်ပြင်ပလေ လာ လာ စားမယ်
စားမယ် ပြီးရင် မင်းတို့ဘဲ ရှင်းရမှာ "

" ဗျာ " ရိပေါ်တို့နှစ်ယောက်နား မိုးကြိုးကပ်ပစ်လိုက်သလိုဘဲ။

" ဟ ဟ ဟား ဟား ဟား နောက်တာကွ နောက်တာပါ ဟား ဟား "

သူတို့ကိုကြည့်ပြီး ရယ်နေတဲ့ ပရော်ဖက်ဆာ
ရှောင်းက ခွက်ထိုးခွက်လန်ကို ရယ်နေတယ်။

---- Ringing -----

"ဟုတ်ကဲ့ ပါး  ဟင်ရောက်နေပြီလား လာခဲ့မယ် စောင့်နေပေးပါ ခုလာပြီ"

" ဟို ပရော်ဖက်ဆာခင်ဗျ"

ရှောင်းကျန့်က ဘာမှမပြောဘဲ ခေါင်းညိမ့်ပြတယ်။ ရိပေါ်လည်း အပြေးထွက်လာခဲ့တယ်။
ပါး ကျေးဇူးပါ။ အားဟွမ်ရေ ဆောရီး။

Deviation of LoveWhere stories live. Discover now