(၁၆)

1.6K 62 0
                                    

"ဒီနေရာမှာဆို ကျွန်တော်တို့ တွေ့နိုင်တာက spleen က သူ ဝင်ဆောင့်ထားမိတဲ့ဒဏ်ကြောင့် ပဲ့သွားတဲ့ သဘော...."

---- Ringing --------

ဆေးရုံက knowledge sharing program မှာ ရှောင်းကျန့်က သင်ခန်းစာ ပို့ချနေတုန်း ဖုန်းမြည်လာတယ်။

ရွှမ်းဟွမ် က သူစာသင်ချိန်မှန်းသိသားနဲ့
ဖုန်းကို ဆက်တိုက် ခေါ်နေတာ။

" ဆောရီး ကျွန်တော် ဆက်ပြောပါရစေ"

------ Ringing -------

ဖုန်းချပစ်လိုက်ပေမဲ့ ထပ်ခါ ထပ်ခါခေါ်နေ
တာကြောင့်...

" ဟယ်လို ဒေါက်တာရွှမ်း"

"ခဏလေး ခဏလေး  ဖြည်းဖြည်းပြော
အားဟွမ်"

ပရော်ဖက်ဆာ ဒေါက်တာရှောင်းကျန့်  ဆောရီးတောင် မပြောနိုင်တော့ဘဲ စာသင်
ခန်းထဲကနေ အလောတကြီး ပြေးထွက်
သွားတယ်။

ရွှမ်းဟွမ်က ပြောလာတယ်။

ရိပေါ်အသက်ကို မီချင်ရင် emergency
ကိုအခုလာပါ ဆရာရှောင်း။

--------------------
ရိပေါ်က သတိမရလာသေးဘူး။ ကိုယ်တွင်းအင်္ဂါတွေ မထိခိုက်ပေမဲ့ ပြင်ပဒဏ်ရာများ
တာကြောင့် သွေးထွက်လွန်ထားတယ်။

သို့သော် ရှောင်းကျန့်စိုးရိမ်တာက ရိပေါ်ရဲ့ ညာလက်။ အတော်လေးကိုထိခိုက်မိထား
တာကြောင့်ပါဘဲ။

လီမင်တို့သားအဖက လူနာစောင့်ပေးတယ်။ ရှောင်းကျန့်ကတော့ တာဝန်ယူထားရတဲ့ ခွဲစိတ်မှုတွေများတာကြောင့် အချိန်ရတဲ့အခိုက်အတန့်လေး အပြေးလာကြည့်ရတာ
ပါဘဲ။

ညနေလောက်ဆို ရိပေါ်သတိရလောက်ပြီမို့ ရှောင်းကျန့်လည်း အလုပ်တွေ လက်စသတ်ပြီး ရိပေါ်ဆီလာခဲ့လိုက်တယ်။

အခန်းထဲက အထွက်မှာဘဲ.....

" Prof ရှောင်း ရိပေါ်ဆီအမြန်လာပါနော်"

ရွှမ်းဟွမ်းဖုန်းကို အလောတကြီးပြောပြီးချသွားတာကြောင့် အပြေးသွားမိတယ်။

မြင်ကွင်းက စိတ်မသက်သာစရာ။

အခန်းထဲက ဆေးတွန်းလှည်းတွေရော လူနာအတွက် ဆေးဘူးနဲ့ လိုအပ်တာတင်ဖို့ ပေးထားတဲ့ စားပွဲတွေရော wheel chair တွေရော ဆေးတွေရော ကြမ်းပြင်မှာအကုန်မွစာကြဲ
နေပြီး ရိပေါ်ကတော့ မျက်လုံးကြီးပြူးကာ မျက်နှာကျက်ကို စိုက်စိုက်ကြီး ကြည့်ပြီး
ကုတင်ပေါ်မှာ ပက်လက်ကြီး။

Deviation of LoveМесто, где живут истории. Откройте их для себя