(၁၄)

1.3K 67 2
                                    

" ဟယ်လို ရိပေါ်လေး အမိန့်ရှိ"

"အချိန်လား ပရော်ဖက်ဆာက အချိန်မရှိပါဘူး ဒါမဲ့ ပရော်ဖက်ဆာ့နှလုံးသားလေးက အချိန်ပေးချင်နေတယ် ဘေဘေး"

ရိပေါ်က ညနေစာအတူစားကြဖို့ ဖုန်းဆက်
လာတာကြောင့် ရှောင်းကျန့် အရမ်းကို
ကျေနပ်နေမိတယ်။ ခုဆို ရိပေါ်နဲ့သူက
ချစ်သူတွေဆိုတာကို ဆေးရုံအသိုင်းအဝိုင်းအတော်များများကလည်း သိနေကြပြီ။

သိသိမသိသိ ရှောင်းကျန့်ကမမှုပါဘူး။
ရိပေါ်အတွက် အနွေးထွေး‌ဆုံးချစ်ခြင်း
မေတ္တာတွေသာ သူ့မှာရှိတာမို့ ဒါတွေကို
ပေးနေရရင်ကို ကျေနပ်ရသူပါ။

ညနေစာက ရိပေါ် အခန်းမှာဘဲ ဟင်းနှစ်မျိုးလောက်နဲ့ သောက်စရာအနည်းအကျဉ်းဘဲ ပြင်ကြတာ။

ရွှမ်းဟွမ် နဲ့ ကျန့်ကော မလာသေးခင် ရိပေါ်ပြင်ဆင်ထားနှင့်တယ်။ ခဏနေတော့ သူတို့ရောက်လာကြတယ်။

"ရိပေါ်ရေ စားလို့ကောင်းတယ် ငါက နှောက်ယှက်ချင်သေးလည်း မင်းကကံကောင်းနေ
တာကြောင့် ဂျူတီလဲတာနဲ့ကြုံနေတာဟေ့"

ရိပေါ်ကို စနောက်ပြီးတော့ ရှောင်းကျန့်ဘက်လှည့်လာပြီး...

"ပြန်ခွင့်ပြုပါအုံး Prof: ကျွန်တော့်သူငယ်ချင်းကိုလည်း အပ်ပါတယ် စောင်,မကြည့်
အဲလေ စောင့်ရှောက်ပါအုံး"

"‌ဟား ဟား "

"ဒီကောင်တော့..နာကျင်မွှေးထောင်နေတာ"

ရှောင်းကျန့်က တဟားဟားရယ်နေပြီ ရိပေါ်
က ရှက်ရမ်း ရမ်းပြီး ရွှမ်းဟွမ်ကို လိုက်ရိုက်
ပါတော့တယ်။

ရွှမ်းဟွမ် ထွက်သွားပြီး ရိပေါ် တံခါးပိတ်ပြီး ပြန်လှည့်ဖို့ပြင်တုန်း ‌အနမ်းနွေးနွေးလေးက
သူ့ဂုတ်ပေါ်ကို ရောက်လာတယ်။

ရှောင်းကျန့်က ရိပေါ်ကို နောက်ကျောဖက်
ကနေ သိုင်းဖက်ထားလိုက်တယ်။

"ရိပေါ် ..... ကောကို ပြောစရာရှိတယ်ဟုတ်"

ရိပေါ် အသာအယာရယ်လိုက်ပြီး ...

"ကျန့်ကောက သိနေတော့တာဘဲနော်"

" အွန်း ချစ်တာကိုး ဘေဘေးရဲ့ "

Deviation of LoveWhere stories live. Discover now