~First Broken of the First Love~

2K 82 1
                                    

Jaemin pov:

"လမ်းခွဲကြရအောင်"

သူကျွန်တော့်ကိုအရေးတကြီးပြောစရာရှိတယ်ဆိုပီးခေါ်တာလမ်းခွဲဖို့အတွက်လား။ကျွန်တော်ဘာမှပြန်မပြောနိုင်အောင်ငိုင်နေမိတယ်။

"Na Jaemin ငါပြောနေတာကြားလား"

"အမ်...အင်းငါကြားပါတယ်"

"အင်း ငါတို့ဒီလောက်နဲ့ပဲရပ်ရအောင်"

"ဘာဖြစ်လို့လဲ ဘာလို့လဲဆိုတဲ့အကြောင်းပြချက်တော့ ငါ့
ကိုပေးJeno"

"ငါ့မှာyuraရှိနေဘီ"

အကြောင်းပြချက်က yura ဆိုတဲ့မိန်းကလေးတဲ့လား။အဲ့ထက်ခိုင်မာတဲ့အကြောင်းပြချက်ပေးမယ်ထင်ခဲ့တာ။ငါမင်းကိုသိပ်အထင်ကြီးခဲ့တာသိလား။တစ်နှစ်ကျော်လောက်တွဲခဲ့တဲ့ငါ့ကို လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှတွေ့
တဲ့မိန်းကလေးကြောင့်ဆိုပီးလမ်းခွဲတယ်။မင်းလောက်ရက်စက်တဲ့လူရှိပါ့အုံးမလား။

"အာ့ကြောင့်မို့ ငါတို့လမ်းခွဲရအောင် ငါပြောနေတာကိုအာရုံစိုက်စမ်းပါ"

"အင်း ဒါဆိုလမ်းခွဲကြတာပေါ့"

"ငါသွားဘီ"

"ငါတို့ရဲ့အိမ်ကိုရော"

Jenoစားပွဲကထပီးထွက်မယ့်အလုပ်jaeminရဲ့စကားကြောင့်ခြေလှမ်းတွေရပ်တန့်သွားသည်။

"မင်းနေချင်ရင်လဲဆက်နေလိုက် ဒီကအပြန်ငါ့ပစ္စည်းတွေအကုန်လာသယ်မယ်"

သူပြောချင်တာပြောသွားပီးထွက်သွားတဲ့လူရဲ့နောက်
ကျောပြင်ကိုကြည့်ပီး စောစောကထိန်းထားခဲ့ရတဲ့မျက်ရည်တွေအတားအဆီးမရှိကျဆင်းလာတော့တယ်။

Lee Jenoဆိုတာကျွန်တော်အရမ်းချစ်ရတဲ့သူ။ကျွန်တော်
အရမ်းတန်ဖိုးထားရတဲ့လူ။

Jenoဆိုတဲ့လူက လူတကာငေးကြည့်ရလောက်တဲ့ရုပ်ရည်
ရှိတယ် လူတိုင်းလိုချင်တဲ့စည်းစိမ်တွေအလျှံအပယ်နဲ့
ပြည့်စုံနေတဲ့လူ အဘက်ဘက် ထောင့်အမျိုးမျိုးကနေကြည့်ရင် သူ့မှာလိုချင်တာမှန်သမျှ အကုန်ရှိတဲ့အထိ ထိုလူ
သားကပြီးပြည့်စုံတာ။

ဒါပေမယ့်ကျွန်တော်သူ့ကိုချစ်တာ အဲ့ဒီအရာတွေကိုမက်
မောလို့မဟုတ်ဘူး။Lee Jenoဆိုပီးစသိခဲ့ကတည်းကကျွန်တော် သဘောကျလာတာဒီနေ့အထိပါဘဲ။

-DARK BLUE KISS-Where stories live. Discover now