-Change-

683 59 1
                                    

မင်းသိပ်ပြောင်းလဲသွားတယ် ဒါပေမယ့်မင်းအချစ်တွေ
မပြောင်းလဲတာကိုတော့ ကိုယ်ရဲရဲကြီးအာမခံတယ်~
                   ——————————————

ကျောင်းတက်လာတဲ့တစ်ပတ်အတွင်းမှာ အရာအားလုံး
ကတော့ပုံမှန်ပါဘဲ။ပုံမှန်မဟုတ်တာကတော့ကျွန်တော်ပေါ့။

ကျွန်တော်မေ့နိုင်ဘီလို့ထင်တဲ့အရာက တကယ်တမ်းတော့
မမေ့နိုင်ဘဲ ပိုလို့တောင်စွဲလမ်းနေတာပါ။

ကျောင်းမှာသူ့ကိုမြင်လိုက်ရရင်ပဲဖြစ်ဖြစ်
သူ့အကြောင်းစဉ်းစားမိလိုက်ရင်ပဲဖြစ်ဖြစ် ဘယ်လိုမှ
မထိန်းချုပ်နိုင်အောင် ခံစားရပါတယ်။

ခုကျောင်းပိတ်ရက်လေးမှာတောင် သူ့အကြောင်းဘဲ
စဉ်းစားနေမိတဲ့အထိ။

မနက်ဖန်ဆိုကျောင်းကပြန်ဖွင့်အုံးမယ် အဲ့ချိန်ကျသူ့ကို
မြင်ရအုံးမယ် တွေ့ရအုံးမယ်။သေမယ်ဆိုသေသာသေပစ်
လိုက်ချင်တယ်။

အချစ်ရူးရူးနေတဲ့ကောင်လို့ပြောချင်လဲ ပြောကြပါစေတော့ တကယ်လဲအချစ်ရူးနေတာပါ။
သူ့ကိုရူးနေတာဆိုပိုမှန်ပါလိမ့်မယ်။
————
"ဂျယ်မင်း"

ကျောင်းဝင်းထဲဝင်ခါနီး နောက်လှမ်းအော်လိုက်တဲ့အသံကလှည့်မကြည့်ရင်တောင် ဘယ်သူမှန်းသိပါတယ်။

"ဟေ့ကောင် စောင့်အုံးဟ"

လူမရောက်သေးဘူး အသံအရင်ကြားနေရတဲ့
အီဟယ်ချန်းအာပြဲကောင်ပါ ကျွန်တော့်အချစ်ဆုံးလေး
ဆိုလဲမမှားပါဘူး ။

အဲ့လိုသွားပြောရင် အဲ့ကောင်ကပြန်ပြောလိမ့်မယ် ငါက
mark hyunရဲ့အချစ်ဆုံးလေးဆိုပီး။

"ဒီနေ့စောလှချီလား ကျန်တဲ့လူတွေတောင်မရောက်သေးဘူး"

ဟုတ်ပါတယ် ဒီနေ့ကျွန်တော်ကျောင်းလာတာအရမ်းစော
ပါတယ် အချိန်ပြည့်အလုပ်ရှုပ်နေတဲ့ဖေဖေကခုလဲအလုပ်
သွားရမှာမို့ တခါတည်းကျွန်တော့်ကိုပါ ကျောင်းဝင်ပို့ခဲ့
လိုက်တာလေ။

"အင်းထုံးစံတိုင်း လမ်းကြုံလို့ပေါ့ကွာ"

ဒီလိုပြောရင် တန်းသဘောပေါက်တဲ့ဟယ်ချန်းက ချက်
ချင်းခေါင်းပြန်ငြိမ့်ပြသည်။

-DARK BLUE KISS-Where stories live. Discover now