Jaemin pov:
အဲ့နေ့haechanအိမ်ကပြန်လာကတည်းကဟယ်ချန်းနဲ့ကျွန်တော်မတွေ့ဖြစ်တာတစ်ပတ်လောက်ရှိဘီ ကျောင်းကလဲသဘက်ခါဆိုဖွင့်တော့မယ်။
renjunတို့နဲ့သာဖုန်းနဲ့အဆက်အသွယ်ရှိပေမယ့်ဟယ်ချန်းဘက်ကလဲအဆက်အသွယ်မလုပ်သလို ကျွန်တော်ကလဲသူ့ကိုမဆက်သွယ်ခဲ့ဘူး။
Mark hyunတို့ကခနဘဲပီးရင်ပြန်ခေါ်လိမ့်မယ်လို့ပြောပေမယ့် ဟယ်ချန်းကကျွန်တော်အချစ်ရဆုံးသူမို့ စိတ်မကောင်းတော့ဖြစ်မိတယ်။
ကျွန်တော်ကဘဲပြန်တောင်းပန်လိုက်ရမလား။တခါမှလဲဒီလောက်အကြာကြီးဟယ်ချန်းနဲ့စိတ်ကောင်ဖူးကြတာမဟုတ်ဘူး။
အရင်ကဆို သူမှားမှား ကျွန်တော်မှားမှားလပိုင်းလောက်ကြီးတဲ့သူကပြန်ပြန်ချော့တာ။အခုလိုချော့ပုံမရရင်ဒီကောင် ကျွန်တော့်ကိုတော်တော်စိတ်ဆိုးသွားဘီ။
ကျွန်တော့်မှာအရမ်းချစ်တဲ့ချစ်သူကလဲပစ် ငယ်ငယ်ကတည်းကပေါင်းလာတဲ့အချစ်ဆုံးသူငယ်ချင်းကလဲစိတ်ဆိုး
ကျွန်တော့်လောက်ဝမ်းနည်းစရာကောင်းတာရှိပါ့အုံးမလား။~တင်းတောင်!!~
အိပ်ယာပေါ်လှဲနေတုန်းအောက်ထပ်ကbellတီးသံကြားလို့
ထလိုက်သည်။အဲ့နေ့ကကော်ဖီဆိုင်မှာjenoနဲ့တွေ့ပီးကတည်းကသူနဲ့အတူတူနေတဲ့တိုက်ခန်းကိုပြန်သွားမနေတော့ဘဲ အိမ်မှာဘဲပြန်လာနေနေတာ။
အတူတူပျော်ခဲ့တဲ့အငွေ့အသက်တွေရှိတဲ့အဲ့အခန်းမှာကျွန်တော်တစ်ယောက်ထဲအထီးကျန်ပီးမနေချင်ဘူး။
အဖေနဲ့အမေကဆရာဝန်တွေဖြစ်ကြလို့အချိန်ပြည့်အိမ်မှာမရှိကြဘူး။ညတောင်မှဂျူတီကျရင်ပြန်မလာဘဲဆေးရုံမှာသာနေရတဲ့နေ့ကပိုများနေတော့ ကျွန်တော်တစ်ယောက်ထဲအိမ်မှာဘဲရှိခဲ့တာပေါ့။
ဒါပေမယ့် သူနဲ့အတူတူနေခဲ့ရတာထက်စာရင် ဒီမှာတစ်ယောက်ထဲနေရတာပိုပီးခံစားရသက်သာမယ်လို့ထင်တယ်။
~တင်းတောင် တင်းတောင်~
အောက်ကနေအဆက်မပြတ်တီးနေတဲ့bellသံကြောင့်တွေးလက်စအတွေးတွေရပ်ပီး အမြန်သာဆင်းရတော့သည်။
YOU ARE READING
-DARK BLUE KISS-
Fanfictionဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုက မင်းကိုချစ်မိနေပီဆိုတာဘဲ...........