-I love you more than life-

789 48 0
                                    


ဒီသုံးရက်လုံး လူနာတွေတအားကျတာနဲ့ သူအိမ်ပြန်
မအိပ်ဖြစ်။

ဆေးရုံမှာသူနဲ့အတူတူအလုပ်တွဲလုပ်တဲ့ သူငယ်ချင်းဆရာဝန်သုံးယောက်ရှိသည်။
တစ်ယောက်ကနယ်ဘက်မှာရှိတဲ့သူ့အဖွားအရေးပေါ်
ဖြစ်လို့ဆိုပြီးပြန်သွားတော့ ဆေးရုံမှာရှိတဲ့ကျွန်တော်
နဲ့ကျန်တဲ့တစ်ယောက်ကပါ ကိုယ့်လူနာအပြင်သူ့လူနာ
တွေကိုရော ကိုင်ပေးရသည်။

"ဂျယ်မင်း ကော်ဖီသွားဝယ်မလို့ သောက်အုံးမလား"

"အင်းသောက်မယ် မင်ဟို အာ့ဆိုဝယ်ခဲ့ပေးပါအုံး"

ခနလေးနားချိန်ရလို့ နားနေခန်းမှာခနဝင်ထိုင်တုန်း
မင်ဟိုကကော်ဖီသွားဝယ်တာဖြစ်သည်။
လူလည်းမအိပ်ရတဲ့ရက်တွေကဆက်နေခဲ့ဘီလေ။

ဖြစ်ချင်တော့ ဒီရက်ပိုင်းရာသီဥတုကပြောင်းလဲ
တာလွန်ပြီး တုတ်ကွေးရောဂါဆိုပြီး ထဖောက်နေ
သည်လေ။

အသက်ကြီးပိုင်းတွေကခံနိုင်ရည်အားမရှိတော့
လူကြီးတွေမှာအများဆုံးဖြစ်သည်။
ကိုယ့်အဘိုးအဘွားအရွယ်တွေဖြစ်တော့ ပိုပြီးတော့
ဂရုစိုက်ပေးရသည်။

တစ်ချို့တစ်လေက ဆေးသောက်ဖို့အထိချော့ပြော
ရတာမို့ ဂျယ်မင်းမှာပိုလို့တောင်အခက်တွေ့နေရ
သည်။

ဂျူတီကုတ်ထဲက ထုတ်မကြည့်တာကြာဘီဖြစ်တဲ့
ဖုန်းလေးကိုထုတ်ကြည့်လိုက်တော့ လင်းသွားတဲ့
ဖုန်းscreenနဲ့အတူ ကွေးညွှတ်သွားတဲ့သူ့နှုတ်ခမ်းတွေ။

ပထမဆုံး သူနဲ့ဂျယ်နိုအတူတူသွားဖူးတဲ့ ဘူဆန်မှာ
ရိုက်ထားတဲ့ပုံလေးဖြစ်သည်။

နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်
ကြည့်ရင်းစကားပြောနေတာကို အဲ့နေရာမှာအတွဲတွေ
ကိုဓာတ်ပုံလိုက်ရိုက်ပေးတဲ့ လူနဲ့တွေ့သွားပြီးဒီပုံလေး
ရလာတာဖြစ်သည်။

အဲ့အချိန်တုန်းကနှစ်ယောက်သား အရင်ကအကြောင်း
တွေပြောနေပြီး ရယ်နေတုန်း ရုတ်တရက်ရိုက်လိုက်
တော့ခုလိုမျိုးပုံကောင်းကောင်းလေးထွက်သွားတာ
ကိုပင် ရိုက်ပေးတဲ့လူကိုဂျယ်မင်းကျေးဇူးတင်လို့
မဆုံး။

-DARK BLUE KISS-Where stories live. Discover now