စားပွဲပေါ်ကအဆက်မပြတ်မြည်နေတဲ့ဖုန်းကြောင့်ဆက်အိပ်လို့မရတာနဲ့ ကိုင်လိုက်သည်။
"မောနင်း နာနာ"
ကြားလိုက်တဲ့အသံကြောင့် မျက်လုံးပြူးသွားပြီးဖုန်း
contact ကိုကြည့်လိုက်တော့ အီဂျယ်နိုတဲ့။အစောကြီးကတည်းကလူကိုစိတ်သောကလာပေးနေတဲ့
လူပါလား။အိပ်ချိန်မှန်းမသိ ဖုန်းဆက်ရအောင်သူရောအိပ်
မနေဘူးလားမသိဘူး။"နာနာ....နာနာ....နာနာ...အိပ်ပျော်နေတာလား"
ပြန်မဖြေရင်လဲဆက်ရစ်နေမယ့်အီဂျယ်နိုကိုကြိုသိလို့
ကျစ်တစ်ချက်စုပ်ကာ စိတ်ညစ်ညစ်နဲ့ဖြေလိုက်ရသည်။"အီဂျယ်နို ဒါအိပ်ချိန်ဆိုတာမသိဘူးလား"
"နာနာကလဲကွာ ခုကို၈နာရီရှိနေဘီလေ"
၈နာရီဆိုတာက ကျောင်းပိတ်တဲ့ရက်တွေဆိုကျွန်တော်
အိမ်မက်မက်ကောင်းနေတဲ့အချိန်။ကျောင်းပိတ်ရက်ဆို၉နာရီ၁၀နာရီမှထတဲ့လူကိုအစောကြီး
လာနှိုးတော့ဘယ်သူကစိတ်မတိုဘဲနေတော့မလဲ။နေပါအုံးဂျယ်နိုကဘာလို့များအစောကြီးနိုးနေတာပါလိမ့်
ဒီလောက်အစောကြီးထရမှာပျင်းတဲ့လူကမနက်၈နာရီကြီး
ဘာများထလုပ်တာပါလိမ့်။ခေါင်းထဲကပေါ်လာတဲ့မေးခွန်းတွေကြောင့် ဂျယ်နိုရဲ့ဖုန်း
အဖြေကိုသတိလဲမရသလိုပြန်လည်းမဖြေမိ။"နာနာလို့ ဘာလို့ငြိမ်နေတာလဲ"
"အာ..sorryမေ့သွားလို့"
"ဘာတွေလုပ်နေလို့မေ့နေတာလဲ ထမျက်နှာသစ်တော့
ကိုအခုမင်းအိမ်ရှေ့ရောက်နေဘီ"အိပ်ယာထဲပြန်လှဲပြီးနှပ်ရင်းဖုန်းပြောမလို့လုပ်ထားပေ
မယ့်အိမ်ရှေ့ရောက်နေဘီဆိုတဲ့စကားကြောင့်အိပ်ယာ
ပေါ်ကပါထဆင်းမိသည်။ပြတင်းပေါက်ကလိုက်ကာဖယ်ကြည့်လိုက်တော့
ကားကိုမှီပြီးဖုန်းပြောနေတဲ့ဂျယ်နိုက လက်လှမ်းပြသည်။"ဒီချိန်ကြီးအိမ်ရှေ့ကိုဘာလာလုပ်တာလဲ"
"ဟီးဟီး ကိုယ်မင်းနဲ့မနက်စာအတူတူသွားစားမလို့လေ"
ΔΙΑΒΑΖΕΙΣ
-DARK BLUE KISS-
Fanfictionဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုက မင်းကိုချစ်မိနေပီဆိုတာဘဲ...........