-stay with me-

630 53 0
                                    


"မင်းပျော်တယ်မလား ဂျယ်မင်း"

ထိုနေ့ကဟယ်ချန်းလှည့်ထွက်သွားပြီးနောက် ညနေအိမ်
ပြန်ရောက်တော့ ဟယ်ချန်းအိမ်ကိုသွားပြီးနှစ်ယောက်
သားစကားပြောခဲ့ကြသည်။

"အင်း ဟယ်ချန်း ငါပျော်ပါတယ်"

"မင်းလျှောက်မယ့်လမ်းကမင်းကိုယ်တိုင်ရွေးချယ်ရမှာ
လေ ဒီကိစ္စမှမဟုတ်ပါဘူး"

တဖြည်းဖြည်းလူကြီးဆန်လာတဲ့သူငယ်ချင်းကိုဂျယ်မင်း
ပြုံးရင်းသားငေးကြည့်နေမိသည်။

"ကျေးဇူးတင်ပါတယ်hyuck"

"ဘာကျေးဇူးစရာတင်လို့လဲ ငါကဘာတွေလုပ်ပေးလို့
မင်းကကျေးဇူးတင်နေရတာတုန်း"

"အရာရာတိုင်းအတွက်ပါ"

ဂျယ်မင်းကပြုံးရင်းထိုသို့ပြောမိတော့ ဟယ်ချန်းကပြုံး
ရင်းနဲ့ခေါင်းငြိမ့်ပြသည်။
နောက်ပြီးဟယ်ချန်းကနှစ်ယောက်သားမျက်နှာချင်းဆိုင်
စကားပြောရင်းကနေမျက်နှာလွှဲပြီး အခန်းအပြင်ငေး
ကြည့်ရင်းပြောသည်

"အချိန်တွေကအရမ်းမြန်တာဘဲနော် ဂျယ်မင်း။ငါးနှစ်
လောက်ကတည်းကစတွေ့ခဲ့တဲ့ငါတို့ကနောက်နှစ်ဆိုရင်
ကျောင်းတောင်ပြီးကြတော့မယ်။တဖြည်းဖြည်းနဲ့လုပ်
ငန်းတွေလုပ် အိမ်ထောင်တွေပြုနဲ့ အသက်တွေကလည်း
ပိုပိုကြီးလာကြဘီနော်။အဲ့ချိန်ကြရင်ရော မင်းနဲ့ငါနဲ့
ဒီလိုစကားတွေပြောနေကြအုံးမလားမသိဘူးနော်"

"ဟယ်ချန်းရာမင်းက အမျိုးမျိုးပြောင်းလဲနိုင်တဲ့သူဘဲ
မင်းအရူးထတဲ့အချိန်ကြရင်ဘယ်သူမှမထိန်းနိုင်အောင်
ပေါတယ်။မင်းရင့်ကျက်ရင်လဲဘယ်သူမှကိုလိုက်မမှီ
တော့ဘူး"

တကယ်ပါတကယ်ပါ ဟယ်ချန်းကအမြဲပြုံးပျော်နေ
တဲ့ကောင်လေး။အခုလိုမျိုး မျက်နှာတည်တည်နဲ့သူမ
ဟုတ်သလိုစကားတွေပြောနေတယ်ဆိုတာ365ရက်မှာ
24နာရီတောင်မပြည့်တာပါ။

အခုလိုမျိုးပြောနေပုံအရဟယ်ချန်းကနောက်နေတာ
မဟုတ်ဘူးဆိုတာဂျယ်မင်းသိပေမယ့်လဲ သူ့သူငယ်ချင်း
ရဲ့ပြုမူနေပုံကိုဂျယ်မင်းသဘောကျလွန်းလို့ ပြုံးသာပြုံး
နေမိသည်။

-DARK BLUE KISS-Donde viven las historias. Descúbrelo ahora