"Jeno hyun ဒီနေ့ညလာမယ်မလား"ထုံးစံတိုင်းကျောင်းသားသစ်ကြိုဆိုပွဲဆိုပီးခေါင်းစဉ်တတ်
တဲ့ဟာပါဘဲ။
အမှန်ကကျောင်းစစဖွင့်ချင်းမှာတစ်ခါလုပ်ခဲ့ပြီးပါပြီ။အခုဟာကကျွန်တော်တို့မေဂျာနဲ့ ခုလေးတင်လာမေးနေတဲ့
ဂျီဆောင်းဆိုတဲ့ကောင်လေးတို့မေဂျာနဲ့ပေါင်းလုပ်တဲ့ပွဲ
လေးပေါ့။တစ်နည်းအားဖြင့် ကျွန်တော်ချစ်ရတဲ့လူရှိနေတဲ့မေဂျာဆိုလဲမမှားပါဘူး။
ကျွန်တော်တို့မေဂျာနှစ်ခုကကျောင်းသားခေါင်းဆောင်းတွေအချင်းချင်းလုပ်တဲ့ကျောင်သားသစ်တွေ့ဆုံပွဲလို့လဲ
ပြောလို့ရတယ်။"Hyunလာမှာမလားလို့"
"ဟမ်..အင်း....အင်း လာမှာလေ"
"Hyunကလဲဗျာဒါလေးမေးတာကိုစကားတွေကိုထစ်လို့
ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ"ဘေးကနေပွစိပွစိနဲ့လာငေါက်နေတဲ့ကောင်လေးကကျွန်
တော့်ရဲ့ညီတစ်ဝမ်းကွဲပတ်ဂျီဆောင်း။သူလဲကျွန်တော်တို့ကျောင်းကိုဒီနှစ်မှပြောင်းလာတာလေ။
ကျွန်တော်နဲ့ကတော့မေဂျာမတူဘူးလေ။သူကဂျယ်မင်းတို့လို့ဆေးပညာဆိုင်ရာဝါသနာပါတဲ့သူလေ ဂျယ်မင်းတို့နဲ့မေဂျာတူတူပေါ့။
ဂျီဆောင်းကကိုရီးယားမှာမွေးတာဆိုပေမယ့်သူ၅နှစ်လောက်ကျသူတို့တစ်မိသားစုလုံးတရုတ်ကိုပြောင်းသွား
ကြတာလေ အခုသူ၁၉နှစ်မှဒီကိုပြန်လာတာ။တရုတ်စကားလဲတော်တော်ကျွမ်းတဲ့ဂျီဆောင်းလေးက
ကျွန်တော်နဲ့မတွေ့ရလို့စိမ်းနေတဲ့ကလေးတစ်ယောက်လဲမဟုတ်ဘူး။သူတရုတ်မှာရှိနေတဲ့အချိန်ကတည်းကညီအစ်ကိုနှစ်ယောက်ကအဆက်အသွယ်ပြတ်တာလဲမရှိခဲ့ဘူး။အခုမှပြန်ရောက်လာပြီး သူ့မေမေကလဲကျွန်တော်ရှိတဲ့ကျောင်းဘဲတက်စေချင်တယ်ဆိုတာနဲ့ဒီကျောင်းကိုဘဲ
ထားဖြစ်သွားတာဖြစ်မယ်။အာ့ကြောင့်လဲကျွန်တော်မှာအားရင်အားသလိုသူ့ဆီသွား
သွားပီးတွေ့ရသေးတာပေါ့။
YOU ARE READING
-DARK BLUE KISS-
Fanfictionဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုက မင်းကိုချစ်မိနေပီဆိုတာဘဲ...........