အပိုင်း ( သုံး )

4.7K 176 7
                                    

အေးစက်နေတဲ့လက်နှစ်ဖက်ကိုအချင်းချင်းဆုပ်နယ်နေရင်း သူ မေမေ့မျက်နှာကိုမော့
ကြည့်လိုက်မိသည်။ အေးစက်ခက်ထန်နေတဲ့မေမေ့ရဲ့အကြည့်တွေက သူ့ကျောရိုးထဲစိမ့်ကနဲဖြစ်သွားရသည်ထက်ပင်ပိုနေသေးသည်။

တင်းတင်းစေ့ထားတဲ့ မေမေ့နှုတ်ခမ်းတွေက
ထပ်မံထွက်ပေါ်လာမယ့်အမိန့်သံကို သူ နာခံ
စွာစောင့်နေတဲ့ အချိန်မှာပဲ...

' ရိပ် ဒီနေ့ဘာအမှားလုပ်ခဲ့လဲသ်ိလား '

' သူငယ်ချင်းရဲ့ အရုပ်ကိုမတော်တဆဖျက်ဆီးမိ
လို့ပါ '

' မှားတယ် '

' သတိ မထားမိပဲ နမော်နမဲ့နိုင်လို့ '

' မဟုတ်သေးဘူး '

' .... '

သူ တကယ်ပဲဘာအမှားလုပ်ခဲ့မိလဲစဥ်းစားမရတော့ပါ။ ကျောင်းမှာသူငယ်ချင်းနဲ့အတူကစားရင်း မတော်တဆပျက်စီးစေမိပေမယ့်ဒါကဘာကြောင့်အဲ့လောက်အပြစ်ကြီးသွားလဲဆိုတာ သူမသိ.....

တကယ်ဆို မေမေ နဲ့ ဖေဖေ က အပြိုင်အဆိုင်ကို ချမ်းသာကြွယ်ဝတဲ့မျိုးရိုးကိုယ်စီကဆင်းသက်လာကြတာဖြစ်ပြီး သူတို့ရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့ အရိပ် ကလဲရွေပုံပေါ်မှာကြီးပြင်းလာရသလိုပဲမဟုတ်လား....

ဒီအရုပ်လေးတစ်ရုပ်ကို ပျက်စီး​စေမိတာကြောင့် မေမေ ဒီလောက်အထိစိတ်ဆိုးနေတာကို အရိပ်နားမလည်ပါ....

' ရိပ် အပြစ်က မေမေ့ကို အရှက်ရစေတာပဲ
ဒေါ်ခတ္တာရိပ် ရဲ့သားက အရုပ်တွေကြိုက်တဲ့
ပုံပဲ ကျွန်မသား အရုပ်လေးတောင်ယူကစား
ရင်း မတော်တဆဖျက်ဆီးမိသွားသေးတယ်
ကလေးကို အရုပ်လေးဘာလေးဝယ်ပေးပြီး
ကစားခိုင်းပါဦးတဲ့....  ရိပ် ပြော မင်းကို မိဘ
တွေကမပြည့်စုံအောင်ထားလား '

' မ...  မထားပါဘူး '

' မင်းမှာ ဘာလိုအပ်ချက်မှမရှိအောင် မေမေတို့
ဖြည့်ဆည်းပေးထားတယ် ဒါပေမယ့် မင်းက မေမေ့ကိုအရှက်ရအောင်လုပ်တယ် မင်းမှာအပြစ်ရှိလား
မရှိဘူးလား ရိပ် '

' ရှိ..  ရှိပါတယ် '

' ဟိုဘက်လှည့်..  '

သူ ခြေထောက်တွေကိုတောင့်နေအောင်ရပ်ထားလိုက်ပြီးတစ်ဖက်ကိုလှည့်ကာ မျက်လုံး
တွေကိုပါ ပိတ်ပစ်လိုက်သည် တစ်ကိုယ်လုံး
အေးစက်တုန်လှုပ်ကာ ထိတ်လန့်နေပေမယ့်လဲ ဒီနေရာက သူ ထွက်မပြေးသွားနိုင်ပါ....

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now