အပိုင်း ( ခုနှစ် )

3.2K 130 5
                                    


သားသားကို အိမ်စာကူလုပ်ပေးရင်း  ရပ်ဝန်း
နံရံကနာရီကိုတစ်ချက်လှမ်းကြည့်လိုက်တော့ည၈နာရီပင်ထိုးတော့မည်။ဆိုင်အပြင်ဘက်ကိုလှမ်းကြည့်တော့ မိုးစက်လေးတွေကျနေတာမို့ သူမသက်ပြင်းတစ်ချက်ခပ်လေးလေးချလိုက်ရင်း

" သားသား ကိုယ်လက်သန့်စင်ပြီး နားလိုက်တော့နော် မေ ဆိုင်ပိတ်ပြီးတက်လာခဲ့မယ်"

" ဟုတ်ကဲ့မေမေ သား အခန်းထဲမှာ TV ခဏလောက်ကြည့်မယ်နော် "

ရပ်ဝန်းခေါင်းညိတ်ပြတော့ သူ့ပစ္စည်းလေးတွေကိုအမြန်သိမ်းပြီး ပျော်ရွှင်သွက်လက်စွာပြေးထွက်သွားတဲ့သားငယ်ကိုကြည့်ပြီး ပြုံးလိုက်မိသည်။

နေ့ခင်းက အန်တီလေးပြန်သွားပြီးကတည်းက င်ိုင်တွေနေတဲ့ ရပ်ဝန်းကို ဘာတစ်ခုမှ မေးမြန်းပြောဆိုခြင်းမရှိပဲ တိတ်တဆိတ်ထွက်ခွာသွားတဲ့ သူက အခုည၈နာရီအထိပြန်ရောက်မလာ

ပုံမှန်ဆိုရပ်ဝန်းက ဆိုင်ကို၈နာရီ သို့မဟုတ်
၈ နာရီခွဲလောက်မှာပိတ်လေ့ရှိသော်လဲ အခုသူက ဘာမှမမှာသွားတာမို့ တံခါးပိတ့ရမလား ဖွင့်ပြီးစောင့်နေပေးရမှာလားမသ်ိ ဖုန်းဆက်မေးရအောင်လဲ ရပ်ဝန်းမှာ သူ့ဖုန်းနံပါတ်ကမရှိ

ဘာလုပ်ရမှန်းမသိတာနဲ့ ရပ်ဝန်း ထိုင်တွေးနေ
မိတာ ပြန်သတိဝင်လာတော့ ၈နာရီခွဲပြီးဖြစ်
နေပြီမို့ ဆိုင်တံခါးက်ိုပိတ်ပြီး အပေါ်ထပ်ကို
တက်လာခဲ့လိုက်တော့သည်။

***********************************

" သခင်လေး သောက်တာများနေပြီ "

" သွားစမ်း "

ခွမ်း!

အရိပ်လက်ထဲက ဖန်ခွက်ကိုလှမ်းယူရင်းတား
လိုက်တဲ့ ဦးဇော်ကို ပိတ်အော်ရင်း လက်ထဲက
ဖန်ခွက်လေးကို အခန်းနံရံဆီပစ်ပေါက်လိုက်
မိတော့သည်။

အရိပ်စိတ်တွေ အရမ်းရှုပ်ထွေးနေတာ
ကြောင့် ခပ်ပြင်းပြင်းအရက်တွေကို တစ်ခွက်
ပြီးတစ်ခွက်မော့ချနေမိတာ အချိန်တွေဘယ်လောက်ကုန်သွားပြီလဲတောင် မသိပါ

ဘယ်အချိန်ကစခဲ့တာလဲမသိပေမယ့် အတော်ကိုတိုတောင်းတဲ့အချိန်ကာလလေးအတွင်းမှာ အရိပ်စိတ်တွေက ရပ်ဝန်းငယ်ရဲ့အရာရာတိုင်းအပေါ်မှာ အလိုလိုအာရုံစိုက်မိနေတာကို အရိပ်အခုမှသတိထားမိခဲ့တာ

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now