အပိုင်း ( တစ်ဆယ် )

3.2K 117 7
                                    

ကျွီ!

ကားလေးကိုလမ်းထဲချိုးကွေ့ဝင်လိုက်တဲ့အချိန်မှာ ရုတ်တရက်မြင်လိုက်ရတဲ့အရိပ်လေးတစ်ခုကြောင့် ခန့်မော်ဦး ကားဘရိတ်ကိုအမြန်နင်းချလိုက်ရသည်။

သူ့ကားရှေ့မှာအထိတ်တလန့်ရပ်နေတဲ့ မိန်းကလေးက ရင်းနှီးနေပြီးသားမျက်နှာဖြစ်နေတာမို့ ကားတံခါးကိုဖွင့်ပြီးဆင်းလာခဲ့လိုက်ရင်း

" အစ်မ အဆင်ပြေရဲ့လား ဘာဖြစ်သွားသေးလဲ "

" သြော် ရပါတယ် ရပ်ဝန်း ရပ်ဝန်း ဘာမှ ဘာမှမဖြစ်ဘူး  "

မျက်လုံးထဲမှာ မျက်ရည်စတွေပြည့်နေတာကို
ကားမီးရောင်နဲ့​မြင်လိုက်ရသလို စိတ်ကိုထိန်းပြီး စကားပြောနေတဲ့ထိုအချိန်မှာတောင် အဆင်ပြေနေပုံမရတဲ့သူမရဲ့မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို ခန့်မော်ဦး ရိပ်မိသွားတာမို့

" အစ်မ ကျွန်တော်နဲ့ အအေးလေးခဏလောက်ထိုင်သောက်ကြမလား "

ခန့်မော်ဦး မေးလိုက်တော့သူမက ခေါင်းငိုက်စိုက်ချထားရာက မဝံမရဲလေးမော့ကြည့်လာပြီး ခဏကြာမှ ခန့်မော်ဦးကို မှတ်မိသွားပုံရကာ

" သြော် ရှင်ကိုး... "

အတန်ငယ်ကျယ်ဝန်းတဲ့ခြံလေးထဲကဒါန်းပေါ်မှာ သူမငြိမ်သက်စွာထိုင်နေတာကို သူ တစ်ချက်ကြည့်ပြီးမှ အိမ်ထဲကိုဝင်လာခဲ့လိုက်သည်။

လက်ထဲကအိတ်ကို ဆိုဖာပေါ်ချပြီးအဝတ်အစားတောင်တက်မလဲတော့ပဲ ရေခဲသေတ္တာကိုဖွင့်ကာ အအေးတစ်ဗူးနဲ့ရေသန့်ဗူးတစ်ဗူးပါ ထုတ်ယူရင်းပြန်ထွက်လာခဲ့လိုက်သည်။

ဧည့်ခန်းထဲကပြန်အထွက်မှာ သတိတရနဲ့ စားပွဲပေါ်က box ထဲက တစ်ရှူးတစ်ချို့ဆွဲ့ထုတ်ယူလာခဲ့လိုက်မိသေးသည်။

ဒါန်းလေးပေါ်မှာ ခြေထောက်နှစ်ဖက်လုံးတင်ထားပြီး ဒူးနှစ်ချောင်းပေါ်မျက်နှာအပ်ထားတဲ့သူမက ငိုကြွေးနေသလားဆိုတာ ခန့်မော်ဦးမသိပါ

" အစ်မ အအေးရပြီ နည်းနည်းလောက်သောက်လိုက်ပါဦး "

ရုတ်တရက်အနားရောက်လာပြီး ပြောလိုက်တဲ့စကားကြောင့် သူမကိုယ်လေးဆတ်ကနဲ
တုန်သွားပြီး ခန့်မော်ဦးကို မော့ကြည့်လာရင်း

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now