( တစ်ဆယ့်ငါး)

3.1K 117 0
                                    

" လက်ထပ်ကြမယ် "

" ဟင် "

ရပ်ဝန်းငယ်နားကြားမှားသွားသလားပင်ထင်လိုက်မိတာမို့ ရုတ်တရက်လှည့်ကြည့်လိုက်တော့ ကိုယ်တစ်ပိုင်းပဲ​ကြယ်သီးတပ်ရသေးတဲ့ ရှပ်အင်္ကျီရင်ဘတ်ဟပြဲနဲ့ရပ်နေတဲ့သူ့ကို
မြင်ပြီး မျက်နှာပြန်လွှဲလိုက်ရင်း

" အရင်ထွက်သွားပေးပါ "

" ကိုယ်ပြောတာနားထောင်ပါ ရပ်ဝန်း လက်ထပ်ကြမယ် အခုအဲ့ဒီနည်းလမ်းအပြင်မရှိဘူးနော် "

" ရပ်ဝန်းကိစ္စကိုရပ်ဝန်းဘာသာဖြေရှင်းပါမယ် ရှင်ထွက်သွားပေးပါ "

" ရော့ အင်္ကျီအရင်ဝတ်လိုက်ဦး "

" ရှင် ထွက်သွား "

ကြမ်းပြင်ပေါ်ကျနေတဲ့ ရပ်ဝန်းအင်္ကျီကို ကောက်ပေးရင်း သူက ခပ်အေးအေးပြောလိုက်တော့ ရပ်ဝန်းငယ်က ကိုယ်ပေါ်ကစောင်ကို တင်းနေအောင်ဆွဲထားရင်း အော်ဟစ်လိုက်သည်။

" ရပ်ဝန်းငယ် "

အရိပ်မြင်ရတဲ့ သူမရဲ့မျက်လုံးတွေထဲမှာ အဓိပ္ပါယ်ဖော်လို့မရတဲ့ အရိပ်အယောင်များ
စွာရှိနေတာကိုအရိပ်သတိထားမိပါသည်။ သူမ အရိပ်ကို မုန်းချင်နေလိမ့်မည်။ သူမ
အရိပ်ကို အပြစ်တင်ချင်နေလိမ့်မည်။
ဒါပေမယ့် အရိပ်ဒါကိုတကယ်ပဲဂရုမစိုက်နိုင်ပါ။ အခုအရိပ်လိုချင်တဲ့စကားက သူမဆီက
လက်ထပ်ဖို့ သဘောတူညီမှု

" ကိုယ်ပြောမယ်နားထောင်နော် ရပ်ဝန်းငယ် အခုမင်းအောက်ကိုဆင်းသွားပြီပဲထား မင်းအဖေ မင်းအမေနဲ့အဒေါ်ကို မင်း ဘယ်လိုရှင်းပြမလဲ ဘယ်လိုပြောမလဲ "

" အဲ့လိုဖြစ်အောင် ရှင်ပဲဖန်တီးလိုက်တာမဟုတ်လား ရပ်ဝန်းရှင့်ကို ယုံ​​ကြည်ထားခဲ့မိတာ ဘယ်လိုများလုပ်ရက်နိုင်တာလဲ ဒီလိုရှက်ဖို့ကောင်းတဲ့ကိစ္စမျိုးကို "

" ကိုယ်... ကိုယ် မင်းအတွက်ပါ ရပ်ဝန်းငယ် "

" ရပ်ဝန်းအတွက်လား ဟင်း ဟင်း ရှင်ပြောလိုက်တာရပ်ဝန်းအတွက်တဲ့လား ရပ်ဝန်းယုံကြည်မှုကိုအခွင့်အရေးယူပြီး ရပ်ဝန်းအရှက်နဲ့သိက္ခာကို အခုလိုရစရာမရှိအောင်ဖျက်စီးပစ်လိုက်တာ ရပ်ဝန်းအတွက်တဲ့လား"

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now