တစ်ဆယ့်ကိုး

3.2K 125 0
                                    

" ပင်ပန်းနေပြီလား "

အိပ်ပျော်နေတဲ့သားသားကို ကားနောက်ခန်းထဲ ပွေ့ထည့်ပေးပြီးမှ ကားမောင်းသူနေရာမှာ
ဝင်ထိုင်ရင်းရပ်ဝန်းကို ကြင်နာစွာမေးလာတဲ့အရိပ်...

" မပင်ပန်းပါဘူး ပုံမှန်လုပ်နေကျပဲဟာ ရပ်ဝန်းက အဆင်ပြေပါတယ် ရှင်ရော အလုပ်မှာအဆင်ပြေခဲ့ရဲ့လား "

" အင်း အဆင်ပြေပါတယ် "

ကားလေးကိုမောင်းထွက်ရင်း ဖြေလိုက်တဲ့အရိပ် အဖြေကအတန်ငယ် မောဟိုက်လေးပင်နေခဲ့တာကို ရပ်ဝန်း ခံစားမိလိုက်တာကြောင့် ဘာမေးခွန်းမှထပ်မထုတ်မိတော့....

အရိပ်ကလဲ အိမ်ပြန်ရောက်တဲ့အထိ တစ်လမ်းလုံးငြိမ်သက်နေခဲ့တာကြောင့် ရပ်ဝန်း
အနည်းငယ်စိတ်ပူမိသည်ကတော့အမှန်ပင်...

" ကိုယ် သားသားကို အခန်းထဲသွားပို့ပေးလိုက်မယ်နော် "

ရပ်ဝန်းဘာမှမပြောနိုင်ခင်မှာ ကားစက်သတ်ပြီး ဆင်းသွားတဲ့အရိပ်က နောက်ခန်းကသား
သားကိုပွေ့ချီပြီး အခန်းဆီတက်သွားတော့သည်။

ကားထဲကျန်ခဲ့တဲ့ ပစ္စည်းတွေကိုယူပြီးမှ ရပ်ဝန်း ခပ်ဖြည်းဖြည်းလှေကားထစ်တွေကို
ကျော်ဖြတ်ရင်းတက်လာခဲ့လိုက်ကာ အရိပ်
ဘာဖြစ်နေလဲဆိုတာကိုစဥ်းစားနေမိသည်။

ရပ်ဝန်း အတွေးလွန်နေတာလားမသိပေမယ့်
အရိပ် သူမကိုစိတ်ဆိုးနေတယ်လို့ဘာကြောင့်များခံစားနေမိရတာပါလိမ့်...

ဘာကြောင့်လဲ....

သူအလုပ်ပင်ပန်းနေလို့လား...

မဟုတ်ရင် အဆင်မပြေတဲ့စိတ်ရှုပ်စရာတစ်ခုခုများရှိနေလို့လား....

မဟုတ်ရင် သူပင်ပန်းနေတဲ့ကြားကမနားရပဲ
ရပ်ဝန်းတို့သားအမိကို လာကြိုပေးရလို့ စိတ်ရှုပ်နေတာများလား....

" အိုး အမေ့.... ရှင် "

" မင်း လမ်းလျှောက်တာဘာလို့အဲ့လောက်ကြာနေရတာလဲ ရပ်ဝန်းငယ် "

အတွေးလွန်နေတဲ့ရပ်ဝန်းတစ်ယောက် ရုတ်တရက် ပွေ့ချီခံလိုက်ရပြီးလေထဲမြောက်တက်သွားတာမို့ အထိတ်တလန့်အော်လိုက်မိ
တော့ အရိပ်က သူမကို သွားစေ့ကာခပ်ကျိတ်ကျိတ်ပြောရင်း ကျန်ရှိနေတဲ့လှေကား
ထစ်တွေကို ခပ်မြန်မြန်လှမ်းတက်လာတာမို့ သူမ အရိပ်ပခုံးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်မိသည်။

အချစ်ရိပ် ရပ်ဝန်းငယ် ( Complete ) Where stories live. Discover now