ငါမင်းကို ပိုင်တယ် အကို (victims type)

25.5K 442 25
                                    

အေးစက်စက်ကြမ်းပြင်အထိတွေ့ ကြောင့်
မိမိ‌၏ အိပ်ခန်းခံစားချက်မဟုတ်မှန်းသိလာ‌တာ‌ ကြောင့် လေးလံနေသော မျက်ခွံကို ဖွင့်ပြီး တစ်ဖြည်းဖြည်းချင်းထကာ သူနိုးလာခဲ့ချေသည်။

အခန်းအတွင်း အလင်းရောင်မှိန်ဖျဖျသာရှိပြီး ကျန်သည့်နေရာများသည် မှောင်မဲနေသော‌ ကြောင့် သူအလန့်တကြား

" ဟင် !!ဒါ~ဒါ ဘယ်နေရာလဲ" ဟု တမိသည်။

အားယူကာ ထချင်ပြီး စူစမ်းချင်ပါသောလည်း နုန်းခွေနေမှုကြောင့် မထနိုင်ပဲ ပြန်ပြုတ်ကျသွားသည်။

"ငါ ဒီအချိန် အလုပ်ခန်းမှာ ရှိနေရမှာလေ။"

ဒီကိုဘယ်လိုရောက်လာလဲ သူတွေးတောနေရင်း ခေါင်းဟာဆစ်ခနဲထိုးလာသည် ။ထိုအချိန် အခန်းပြင်က ခြေသံတစ်ရှပ်ရှပ်ဟာ သူအခန်းထဲကို ၀င်လာသည်။

အမှောင်ရိပ်ကြောင့် ၀င်လာသောသူကို သေချာမမြင်ရပါချေ။

"အကိုတောင် နိုးနေပြီးပဲ"

"မင်း ဘယ်သူလဲ"

အားသိပ် မရှိသလို ခံစားနေရတာကြောင့်ပါးစပ်က သိပ်ဟကာစကားသိပ်မပြောချင်။

"အကို့ ယောက်ျား"

"ဘာ!"

နုန်းချင်နေသော စိတ်တို့သည် ရုတ်ချည်းနောက်လာသလိုပင်။ မီဖျော့ဖျော့အလင်းရောင်ကနေ ပေါ်နေသော မျက်နှာကို မျက်မှောင်ကြုတ်ကာကြည့်မိသည်။

"ဟုတ်တယ်လေ။ ကျွန်တော်က အကို့ ယောက်ျား။အကို (၃)နှစ်လောက်လိုက်ကြိုက်ခဲ့တဲ့ အကို့ယောက်ျား"

"မဟုတ်ဘူး။ ငါမှာလက်ထပ်ရမယ့် သူရှိတယ်။ "

"လက်ထပ်ရမယ့် သူဟုတ်လား။ အခုချိန်လောက်ဆို ကောင်းကင်ဘုံမှာ နတ်သားတွေနဲ့ပျော်ပါးနေလောက်ပြီး။"

"မင်း ဘာလုပ်လိုက်တာလဲ"

"ကျွန်တော်မသိဘူး လက်အောက်ငယ်သား‌ တွေပဲ သိတာ။ နောက်ပြီး ကျွန်တော်လက်နဲ့ ညစ်ပတ်တဲ့အရာတွေမထိဘူး ။ ကျွန်တော်လက်က အကိုကိုပဲထိမှာ"

ဟုဆိုကာရဲတင်းစွာ သူ့ပါးကို ပွတ်သပ်လာသည်။ သူဟာလည်း

"မင်း ငါအသားကို မထိစမ်းနဲ့!
ငါကို ဒီကနေ ပြန်လွတ်ပေးစမ်း! "

obey me one shot CollectionWhere stories live. Discover now