My salve boy why are you running?

4.9K 124 9
                                    

Rape+ ABUSIVE and SM

#----#-----#-----#-------#
#----#-----#-----#-------#
#----#-----#-----#-------#

ပစ်မှတ်အကြောင်းကို သတင်းရထားသောကြောင့် ပစ်မှတ်ရှိရာဆီကိုသွားဖို့ရန် ယုဂန်ပိုင်တစ်ယောက် ပုံစံပြောင်းကာ ‌လက်နက်အချို့ကို ပြင်ဆင်ပြီး ဆိုင်ကယ်ဖြင့် ပစ်မှတ်ရှိရာ စံအိမ်ဆီ အသွင်‌ ပြောင်းကာ ချဉ်းကပ်လာချေတော့သည်။

တစ်ဖက်ရှိ စံအိမ်ကြီးအတွင်းမှာလဲ ဝိုင်တစ်ခွက်ကို ကိုင်ကာ ဆိုဖာပေါ်သို့ထိုင်ရင်း အိပ်မပျော်သဖြင့် ငြိမ့်ညောင်းသော သံစဉ်ကိုနားထောင်ကာ  အနားယူနေချေသည်။

(အင်းး အခုထိအိပ်မပျော်သေးပါလားကွာ)

လူငယ်လုပ်ငန်းရှင်တစ်ဦး တစ်နည်းအားဖြင့် အမှောင်လုပ်ငန်းအချိူ့ကို လုပ်ကိုင်နေတဲ့ ခေါင်းဆောင်တစ်ဦးအနေနဲ့ အိပ်မပျော်ပဲ ဖြစ်နေသည်ထက် သတိရှိနေသည်ဆိုလျှင်ပိုမှန်နေမည်။
မှိုင်းခက်ဒဏ်တစ်ယောက် ဒီညအိပ်မပျော်ခြင်းသည် သူတစ်စုံတစ်ရာဖြစ်တော့မည်ကို ခံစားမိနေခြင်းကြောင့်လဲပါသည်။

တစ်ဖက်ရှိသူကလဲ စံအိမ်နဲ့ အဝေးတစ်နေရာတွင် ဆိုက်ကယ်ရပ်ကာ စံအိမ်ထိလမ်းလျှောက်လာပြီးမှ စံအိမ်ထဲကို တွယ်ကပ်ကာ ခိုး၀င်လာပြီး သေနတ်ကို ပြင်နေချေသည်။

(ခင်‌ဗျားသေနေ့ပဲ)

စိတ်ထဲ ခပ်တိုးတိုးကျိန်ဆဲပြီးနောက် အိမ်ထဲကို ခြေဖော့နင်းရင်း ၀င်လာချေသည်။
အိပ်ခန်းထဲကို ခပ်တိုးတိုး တံခါးတွန်းဖွင့လိုက်ရင်း ဆိုဖာပေါ်ထိုင်နေသောသူကို မြင်၍ ပြုံးလိုက်မိကာ အနားတိုးကပ်လျှောက်လာလိုက်သည်။

ရွှတ်ရွှတ်အသံကြားနေသည်မို့  အသံတွေကိုသတိထားနားထောင်နေရင်း တစ်စုံတစ်ရာ အနားတိုးလာသည်ကို ခံစားမိကာ ခုခံဖို့ကြိုပြင်ထားချေတော့သည်။

သေနတ်ကို အသံတိတ်နဲ့ ပစ်ဖို့ လုပ်လိုက်ရင်း ဆိုဖာပေါ်ထိုင်နေသူ ခေါင်းကိုတည့်တည့်ချိန်လိုက်ကာ

"တော်သေးတာပေါ့ ခင်ဗျားဒီမှာပဲ...ဘုရားကို ဆုတောင်းလိုက်ပါဦး"

မှိုင်းခတ်ဒဏ်ခန့်မှန်းထားသလိုပင်ဖြစ်လာ၍ ခေါင်းကိုငုံ့ရှောင်လိုက်ကာ ခါးကအသင့်ဆောင်ထားသော သေနတ်ကိုဆွဲထုတ်လိုက်ပြီးနောက်ဆိုဖာကနေ လှိမ့်ငုံဆင်းကာ အမှောင်ကွယ်တစ်နေရာဆီသို့ ပုန်းနေရင်း မိမိခါးနောက်ကသေနတ်ကိုသေချာပြင်လိုက်ကာ အာရုံအလွတ်မခံပဲ လိုက်ရှာနေသော သူကိုတစ်ချက်ကြည့်ကာ အကွယ်ကနေ့ထွက်ပြီး ရန်သူရဲ့သေနတ်ကိုင်ထားတဲ့လက်အား တည့်မတ်စွာပြစ်လိုက်တော့သည်။

obey me one shot CollectionWhere stories live. Discover now