Villain (abuse Zg)

918 20 0
                                    

(အိမ်တွင်းအကြမ်းဖက်မှု)

####_####_####_####_####_####_####_####_####_####_####_####_####_####_####_####_####_####_####_####

မောင်က လူကောင်းတစ်ယောက်။
မောင်က တစ်အားကို သိပ်ကြင်နာတတ်တာ။ မောင်က အရမ်းလည်း ချစ်တတ်တာ။

မောင်က ကျွန်တော်ကို ယူထားရလို့ အားမငယ်ဘူးလို့ အမြဲပြောတယ်။
မောင်က ကျွန်တော်ကို သိပ်ချစ်တယ်လို့
အမြဲပြောတယ်။
မောင်က ကျွန်တော်ကို အမြဲ လက်တွဲမယ်လို့ ပြောတယ်။

မောင်က သိပ်ကြင်နာပြီးဖေးမတတ်တာ
လူအများကြားမှာ မောင်က အလှူဒါန်းတအားရက်ရောပြီး ပရဟိတစိတ်ရှိတယ်တဲ့
မောင်က လူကောင်းပဲလေ ဒီလောက်တော့ရှိမှာပေါ့ မဟုတ်ဘူးလား။

မောင်က တအား လိမ္မာပြီး အိမ်ထောင်ဖက်ကောင်းတဲ့ ။ မောင်က သားလိမ္မာလေး တစ်ယောက်။မောင်က ခင်ပွန်းကောင်းတစ်ယောက်။

မောင်က လူကောင်းဆိုတော့ ဒီလိုပဲလေ.....

"မောင် ငါ အပြင်သွားချင်လို့"

မောင်က လုပ် လက်စ အလုပ်ကို ရပ်ကာ ကျွန်တော် ထံကြည့်လာသည်။

"သွားလေ ဘယ်သွားမှာလဲ"

မောင်လေသံဟာ အေးစက်စက်နိုင်လှသည်။ သူတစ်ကိုယ်လုံး ခြုံငေးကြည့်လာသည်မို့ အနည်းငယ်လန့်မိသား

"ကော်ဖီဆိုင်။ ခန့်သော်တို့နဲ့"

"ခန့်သော်?"

မောင်ရဲ့ အမေးလေသံပြုမှုသည် အနည်းငယ် လန့်ဖို့ကောင်းသည်။
မောင်က အလုပ်ခုံကထလာကာ ကျွန်တော်နားလျှောက်လာသည်။ ထိုနောက် ကျွန်တော် ဆံနွယ်များကို ခပ်ဖွဖွ ပွတ်သပ်နေလာသည်။
ကျွန်တော်ံခံစားချက်သိပ်မကောင်း ထိုကြောင့်

"မောင် ငါ မသွားတော့ဘူး"

"မသွားတော့ဘူး"

လေသံဟာ တအား အေးလွန်းသည်။ တအားကို အေးစက်လွန်သည်။ ပွတ်သပ်နေသည့် ဆံပင်ကို ဆောင့်ခနဲဆွဲလိုက်ကာ မော့စေလာသည်။

"အာ့ မောင်"

"မင်း သောက်ရမ်းသွားချင်နေတာမလား။ ဒီလောက် အတိုနဲ့ မင်းက ဘယ်ကောင်ကို မြူစွယ်ချင်‌ နေတာလဲ။ ခန့်သော်ကိုလား? ဒါမဟုတ် ခန့်သော်တို့ အုပ်စုထဲက မင်း ရည်းစားဟောင်းကိုလား?"

obey me one shot CollectionWhere stories live. Discover now