cafe

13.2K 270 7
                                    

သူ ကို ချစ်နေရဲ့သားနဲ့ ကျွန်တော်ကိုဘာလို့များ
ယူခဲ့ရတာလဲ ကိုကိုရယ်?

ကျွန်တော်က ကိုကိုတွက်အရမ်းလွယ်နေခဲ့လို့လား။
ကျွန်တော်ချစ်ခြင်းတွေက ကိုကို အတွက်အ‌ရမ်းလွယ်နေခဲ့လို့လား။

ကျွန်တော်ရဲ့ အချိန်တွေနောက်ပြန်လှည့်လို့ရရင်သိပ်ကောင်းမှာပဲကိုကိုရယ်။
ဒါဆို ကိုကို ကို မချစ်ခဲ့မိ‌တော့သလို အခုလိုပူလောင်မနေရတော့ဘူးပေါ့။

ကိုကို ချစ်ရတာ ပူလောင်မှုတစ်ခုပဲ။ ဆက်မချစ်တော့ဘူးလို့တွေးပေမယ့်နှလုံးသားက လက်မခံဘူး ကိုကိုရာ။

နှလုံးသားအလိုလိုက်ပြီးရူးမိုက်ရမလား
ဦးနှောက်အလိုလိုက်ပြီး နောက်ဆုတ်ရမလား
ကျွန်တော်ဘယ်လမ်းရွေးသင့်လဲကိုကို ။

ခပ်သင်းသင်းကော်ဖီအနံ့လေးက အခန်းတစ်ခုလုံးကို သင့်ပျံ့ထုံကြိုင်အောင်မွှေးသွားစေသည်။
ဒါက ကိုကို သိပ်ကြိုက်တဲ့ ကော်ဖီအနံ့ နောက်ပြီး ကိုကိုကြိုက်တဲ့ ကော်ဖီ အရသာ
ကိုကို အတွက် ကျွန်တော် ကော်ဖီ ဖျော်ထားပေမယ့် ကော်ဖီ‌တွေဟာ အမြဲအေးစက်ကုန်ပြီး ပိုင်ရှင်ရဲ့ထိတွေ့မှုမခံရတာတောင်ကြာပြီး။

ကိုကို က အလုပ်ရှိလို့ဆိုပြီး ကျွန်တော်ကို အဆက်အသွယ်အကြာကြီး ဖြတ်ထားရတယ် ဒီလို အဆက်သွယ်ဖြတ်ထားရတာပျော်ရဲ့လား ကိုကို?။

ကိုကို ခင်ဗျားက သိပ်ရက်စက်တာပဲဗျာ ။
ကိုကို မရှိတဲ့ ညတွေက ရှည်ကြာလိုက်တာ။
ကိုကို ပြန်မလာသေးဘူးလား??

ကျွန်တော်နှလုံးသားအလိုကို ရွေးချယ်ပြီး ရူးမိုက်ပလိုက်ရတော့မှလား။
ဦးနှောက်အလိုတိုင်းပဲနောက်ဆုတ်ရတော့မလား

ပျော့ညံ့မတတ်တဲ့ ကျွန်တော်ဟာ ကိုကိုကြောင့်
အကြိမ်ကြိမ် လူပျော့လေးတစ်ယောက်ဖြစ်နေရတယ်။

ဒီညလည်း မျက်ရည်တွေနဲ့ အချိန်ကုန်ပြီး အိပ်ရတော့မယ်။ ဒီညတော့ ကျွန်တော်မျက်ရည်တွေကုန်ခွင့်ပေးလိုက်မယ်။ နိုးထလာမယ့် မနက်ကျရင်တော့ သစ်လွင်တဲ့ လူတစ်ယောက်အဖြစ်နဲ့ ပြန်လာမယ်။ နောက်ပြီးကိုကို မသိတာတစ်ခုရှိတယ် အချစ်ကြီးရင် အမျက်ကြီးတယ်တဲ့ ။

obey me one shot CollectionWhere stories live. Discover now