How to treat bad boy(punishment type)

5.5K 141 13
                                    

ငြိမ်းဇေယျာတစ်ယောက် ဧည့်ခံအတွင်း ဆိုဖာပေါ်တွင်ခြေချိတ်ထိုင်နေပြီး အနောက်ဘက်ကိုမှီချကာ ဆေးလိပ်သောက်ရင်းမျက်ခုံးကိုတွန့်ချိုးကာပြန်မရောက်သေးသည့် တစ်စုံတစ်ဦးအား စောင့်နေ ချေသည်။

(ကိုယ်နည်းနည်းလေးအလုပ်များသွားတာနဲ့ ကိုယ့်နောက်ကွယ်မှာလုပ်ချင်တာလုပ်ရဲနေပြီပဲ)

တစ်ကိုယ်လုံး ညောင်းညာနေ၍ ပျင်းကြောဆန့်ကာ အိမ်ထဲ၀င်လာသော သူတစ်ဦးဟာ ဆေးလိပ် အနံ့ကြောင့် ဧည့်ခန်းဆီအကြည့်ရောက်ပြီး မယုံနိင်သော လေသံဖြင့်‌

"အစ်ကို...အစ်ကို ငြိမ်း"

ဆိုဖာပေါ်မှီနေရာမှ မထပဲ သောက်နေသည့်ဆေးလိပ်အားတစ်ချက်ဖွာလိုက်ပြီး အငွေ့ကိုမှုတ်ထုတ်ကာ မိမိနာမည်ခေါ်လာသော ကောင်လေးအား

"ဟက်! ဒီအချိန်မှာမင်းကိုဒီနာမည်ခေါ်ခွင့်ပြုထားလား??

ဟမ်!!"

အသံခပ်ကျယ်ကျယ်ဖြင့်ပြောလိုက်ကာ ခါးကိုမတ်ပြင်ထိုင်လိုက်ပြီး အိမ်ထဲဝင်လာသည့်ရိုးဟူသော ကောင်လေးအား အားစူးရဲစွာစိုက်ကြည့်ကာ ဆိုလိုက်ချေသည်။

ရိုးဆိုသောကောင်လေးကြောက်တတ်လိုက်ပုံများသည် ၀င်လာသည့်နေရာ မှာ‌တင် ပျော့ခွေလဲကျမတတ်ဖြစ် နေသည်။ ထိုနောကမ ခေါင်းချက်ချင်းငုံ့ကာ လက်နောက်ပစ်လျက် ရပ်ပြီး

"ခေါ်...ခေါ်ခွင့်မပြုထားပါဘူး Master."

ဘယ်လောက်တောင်ကြောက်နေသလဲဆိုတာ တုန်ရီနေသော အသံကို ငြိမ်း‌ ဇေယျမှန်းဆရင်းပြောနိုင်သည်။

"ဟက် လွတ်ပေးထားလို့မင်းမေ့သွားပြီထင်တာ...ကိုယ့်ရဲ့ကျွန်ဆိုးလေးကဘယ်ဆိုးမတုန်း...မှတ်မိနေသေးတာပဲ!"

ငြိမ်းဇေယျ သူရှေ့တုန်ရီကြောက်ရွံ့နေသော ကောင်လေးအား အေးစက်စွာပြုံးလိုက်ပြီး ကြည့်လိုက်ချေသည်။အကြည့်ကြောင့်လား မလုံမလဲဖြစ်မှုကြောင့်လား မသိ ရိုး ကိုယ်လေးဟာ ပိုတိုးကျုံ့ပြီး

"မ‌...မမေ့ပါဘူး။ကျွန်တော် သတိရပါတယ်။Mas..ter"

"ဒါဆိုရင် ဆိုပါဦး...ကိုယ့်က မင်းအတွက်ဘာလဲ??ဟမ်!!
နောက်ပြီးပြောစမ်းပါဦး!ပျော်ရောပျော်ခဲ့ရလား ရိုး"

obey me one shot CollectionWhere stories live. Discover now