Don't Mad Me

1.9K 56 7
                                    

ညအချိန် ဟိုဟိုဒီဒီ ကူးလူးသွားလာနေသည့် ကားများကို မြင်နေရသည့် မြို့အလယ်ခေါင်တိုက်အမြင့်တစ်နေရာ၌ဖြစ်သည်။ ထို တိုက်အမြင့်၏ အပေါ်ဆုံးအခန်းရှိ ညမီးရောင် အောက်က Jazz ဂီတသံစဉ် ဟာ ငြင်သာစွာထွက်ပေါ်နေသည်။

ထို Jazz ဂီတသံစဉ် နှင့် မလိုက်ဖက်လှသည့် အသံတို့ဟာလဲ ထို ညမီးရောင်အောက် ပျံ့လွင့်နေသည်။

"မမ တို့ မှားပါတယ်"

မိန်းကလေးငယ်ရဲ့ သူ(မ) မှားပါသည်ကို ၀န်ခံသည့်အသံနှင့် တစ်ဖက်မိန်းကလေး၏ နှုတ်ဆိတ်နေမှု နှင့် စိတ်ပျက်မှု ရောထွေးနေမှု တို့သည် Jazz ဂီတသံ နှင့် မီးရောင်အောက် အထင်သားမြင်နေရသည်။

"မမ တို့ ကို တစ်ချက်ကြည့်ပါဦးလေ မမ စိတ်ဆိုးပြေပါတော့နော် "

တစ်ဖက်က မည်မျှပင်ချော့မြူနေသောငြားတစ်ဖက်က တိတ်ဆိတ်နေသည်မှာ အသက်ရှူသံပင်မကြားရအောင် တိုးတိတ်နိုင်လွန်းလှသည်။

အချိန်တစ်ခုအကြာ အခန်းအတွင်း တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည့် အသံသည် အိမ်ရှေ့တံခါးပေါက်ကလူဝင်လာသည့် အချိန်၌ဖြစ်သည်။

"Lila နဲ့ Flora ဘာတွေ မသင့်မြတ်နေကြတာလဲ "

အသံဂုဏ်ရှိန်သည် တည်ကြည်ကာ ပြတ်သားလှသည်။ တည်ငြိမ်ရင့်ကျက်သော အမျိုးသမီးလေသံပေါက်ကာ အရာရာကို အလေးနက်ရှိသည့်ဟန်မျိုးပင်။

"Madam Mohan ပြန်ရောက်လာပြီးလား"

အချိန်တစ်ခုအကြာ နှုတ်ဆိတ်နေသည့် Lila မှ Madam Mohan ကိုနှုတ်ဆက်လိုက်သည်။

Floraကလည်းထိုနည်းတူစွာ

"Madam Mohan ဒီနေ့ ပြန်လာတာ နောက်ကျလိုက်တာနော်"

"ကုမ္မဏီမှာ အလုပ်များနေလို့ပါ ။ ဘာလို့ Lilaနဲ့ Flora က ?"

"Madam Mohan....ကုမ္မဏီ အလုပ်များလို့ နောက်ကျတာ ဟုတ်လို့လား?"

Lilaရဲ့စကားကို Madam Mohanတစ်ယောက် နားမလည်သလိုကြည့်ပြီး အိမ်ထဲဝင်ကာ

"Madam Mohanက ဘာလို့ Lila ကို လိမ်ရမှာလဲ"

"ဪ မလိမ်ဘူးပေါ့"

Madam Mohanဟာ ခပ်အေးအေးပင် ခေါင်းငြိမ့်ပြလိုက်သည်။ ထိုနောက် ဆိုဖာပေါ်ဝင်ထိုင်ကာ Lilaပေါ်မှီကာ

You've reached the end of published parts.

⏰ Last updated: Nov 20, 2023 ⏰

Add this story to your Library to get notified about new parts!

obey me one shot CollectionWhere stories live. Discover now