My Demon

9.4K 259 44
                                    

"ဟဲ့ နင်သိပြီးပြီးလား"

"ဘာတုန်း"

"ဟိုအသစ်‌ ပြောင်းလာတဲ့အိမ်က ကောင်လေးလေး "

"ပြောပါပြီးဟဲ့ ငါမသိသေးလို့"

"ဆေးလိပ်‌လေး တကားကားကိုင်ပြီး ငယ်ငယ်လေးနဲ့ ပျက်စီးနေတာတော့။ "

"ဟဲ့ ဟုတ်လို့လား။ လူလေးကြည့်တော့ ပိန်ပိန်သေးသေးလေးနဲ့ အနေအေးမယ့်ပုံလေးပါ"

"ဟဲ့ ပိန်သေးနေမှတော့ ဆေးသုံးထားလားမသိဘူး"

"အဟမ်း။ အသုပ်တစ်ပွဲ ပါဆယ်ပေးပါ"

သူဆိုင်ထဲ ၀င်လာတော့ သူအတင်းတုပ်နေတဲ့ သူများဟာလဲ ပြာပြာသလဲလဲဖြစ်သွားသည်။
သူ အကြောင်းပြောနေသော အန်တီကြီးဟာလဲ အနည်းငယ်မျက်နှာပျက်ယွင်းသွားပေမယ့် မျက်နှာချီ ကာ သူကို မဲ့တဲ့တဲ့ပြန်ကြည့်နေသည်။

"အသုပ်ထဲ ဘာထည့်ဦးမလဲ မောင်လေး"

အသုပ်သုပ်ပေးတဲ့ အမကြီးမှ သူကိုမေးလာသောကြောင့်

"နံနံပင် များများထည့်ပေး။ကြက်သွန်နီမထည့်ဘူး။နောက်ပြီး ငရုပ်သီးမှုန့်ရောပဲ မထည့်ဘူး။"

"ဟုတ်ပြီး။ "

အသုပ်သည်အမကြီးကတော့ အသုပ်ကို ခပ်မြန်မြန်သုပ်ထည့်ပေးကာ အိတ်ထုပ်ပေးကာသူကို‌ ကမ်းပေးလိုက်သည်။

"ဘယ်လောက်လဲမသိဘူး"

"၆၀၀ပါ"

"ရော့ ဒီမှာပါ။ "

လို့ အကြွေပေးပြီး သူဆိုင်ထဲက ထွက်လာလိုက်သည် ။ လူတွေက ကိုယ်နဲ့မဆိုင်ရာဆို သိပ်စပ်စုချင်ကြသည်။ ကိုယ်အကြောင်းကိုယ် သာ သိတယ်လို့ အပေါ်ယံပြောလို့ရပေမယ့် ကိုယ်အကြောင်းပိုသိတာ ပတ်၀န်းကျင်လေ။

မြေကြီးကိုပဲငေးလျှောက်ရင်း တွေးကာထွက်လာတာမို့ လူတစ်ယောက်နဲ့တိုက်မိလျက်သား

"အဆင်ပြေလား ကလေး"

"ဟင်"

သူ ပခုံးကိုကိုင်ကာမေးလာသော လူတစ်ဦး။
ထိုလူသားဟာ သူမေ့ဖျောက်ချင်သော လူတစ်ဦး။

"ခင်ဗျား။"

"ကိုယ်တောင်းပန်ပါတယ်"

" တောင်း ပန် ပါ တယ် ‌ဆိုတဲ့ စကား‌လုံး လေးလုံးနဲ့ ဖြစ်ခဲ့သမျှ အတိတ်တွေ သင်ပုန်းချေပြီး ဖျောက်ပစ်လို့ရရင်ကောင်းသား ဟက်!!"

obey me one shot CollectionWhere stories live. Discover now