19 || Say * Love you *

5.1K 564 255
                                    

[ Zawgyi ]

အချိန်ကာလတွေ ကူးပြောင်းလာခဲ့တာ
ဆောင်းဦးတောင် ရောက်ရောပေါ့ ။ ရော်
ရွက်တွေ ကြွေလို့ အေးစိမ့်မှု့တွေ သိသိသာ
သာ တိုးလာခဲ့တဲ့ September လကုန်ပိုင်း
လောက် အချိန် ။

အုံ့မှိုင်းမှိုင်း ရာသီဥတုလေးမို့ နေလို့ထိုင်လို့
ကောင်းရုံသာ ။ ကော်ဖီခွက်ကိုင်ရင်း ငေးကြည့်
မိသည့် မြင်ကွင်းက မြင်နေကျဆိုပေမယ့် အလှ
မပြယ်သည့် ဆိုးလ်မြို့ကြီး တစ်ခုလုံးကို ခြုံငုံပြီး
မြင်ရသည့် မြင်ကွင်း ။

အခုရက်ပိုင်း အေးအေးချမ်းချမ်း ဖြတ်သန်းနေ
ရသည်ဆိုပေမယ့် ဂျီမင်းရင်ထဲ ခံစားချက်တွေ
ဗလာကျင်း ဖြစ်နေသည်က များသည် ။ စွန့်လွှတ်
ရမယ် မှန်း သိနေသည့် သူပိုင်ဆိုင်သည့် အရာ ကို
မပေးချင်ရုံပါ ။ ဒီလောက်ထိ ဗလာသက်သက် နိုင်
သည့် ခံစားချက်တွေ ရင်ထဲ ပြွတ်သိပ် တည်ရှိနေ
လိမ့်မယ် ဆိုတာကို သူမထင်ခဲ့မိ ။

ယွန်းဂီနဲ့လည်း အဆင်ပြေပြေဖြတ်သန်း ဖြစ်သည်
မင်္ဂလာပွဲကိုလည်း အကောင်းဆုံး ဖြစ်စေဖို့ ကိုယ်
တိုင် ဦးစီးသည် ။ နည်းနည်း ကြောင်တိကြောင်တောင်
နိုင်ကောင်း နိုင်ပေမယ့် ဒါကို သူဆက်လုပ်နေမိတုန်း ။

ဘာကိုမှ မျှော်လင့်မထားတော့ပဲ လွှတ်ချဖို့ တွေး
နေမိပေမယ့် နောက်ဆံတင်းနေသည့် သူနဲ့ ယွန်းဂီ
ဆက်ဆံရေးက အခုရက်ပိုင်းမှ အချစ်တွေ ပိုတိုး
လာသလို ။ ကံကြမ္မာကြောင့်ရယ်လို့ သိမ်းကြုံး
အပြစ်တင်ချင်ပေမယ့် ကိုယ်တိုင် ရေးနေသည့်
ဇာတ်လမ်းမှာ ကိုယ်ကိုယ်တိုင် အနစ်နာ ခံနေသည်
ဆိုလည်း မမှား ။ ဘာကြောင့် သူဒီလိုတွေ လုပ်နေ
လည်း သူကိုယ်တိုင်ပင် မသိတော့ ။

" ဂျီမင်း အစည်းအဝေး စတော့မယ် သွားရအောင် "

အတွေးတွေထဲ မြောနေမိခိုက် ယွန်းဂီ အသံကြား
မှ တွေးလက်စတွေ ဖြတ်လိုက်တော့သည် ။ ဒီနေ့
ရှယ်ယာရှင်တွေနဲ့ အစည်းအဝေးရှိသည် ။ သူ့လမ်း
ကြောင်းမှာ သူအကောင်းဆုံး ကြိုးစားလာခဲ့တာ
ဒီလို နေ့ရက်မျိုးတွေမှာ သူပျော်ရွှင်နိုင်ဖို့ အတွက်
ပဲ ။

မပျော်ရွှင်ခြင်းတွေက သူ့ရဲ့ အဆုံးသတ် မဟုတ်ဘူး
ဆိုတာကိုလည်း သူယုံကြည်သည် ။ သူလှမ်းသည့်
ခြေလှမ်းတိုင်း အတွက် သူ့မှာ ယုံကြည်မှု့ အပြည့်
အဝ ရှိသည် ။

WALLY BOSS ||YOONMIN [completed]Where stories live. Discover now