11 || Me or Her

10.4K 930 174
                                    

[ Zawgyi ]

မနက်ခင်း နိုးထချိန်တွေမှာ အတူတူရှိနေ
ပေးတတ်တဲ့ ထိုလူကြောင့် ဂျီမင်း ပျော်ရွှင်
ရသည် ။ အစောကြီးနိုးတတ်တဲ့ အကျင့်ရှိ
တဲ့ ထိုလူဟာ ဒီနေ့တော့ သူ့ဘေးမှာ နေ
မြင့်သည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေ
တုန်းပဲ ။ ထိုလူမရှိရင် အိပ်မပျော်တာက
တော့ သူ့အကျင့်တစ်ခုလို ဖြစ်နေပြီ ....

အိပ်ပျော်နေဆဲဖြစ်သော ယွန်းဂီဘေးလက်
ထောက်ကာ ယွန်းဂီကို သေသေချာချာ ကြည့်
နေသူကား ဂျီမင်းပင် ။ သူသတိထားမိသည် ။
ညာဘက်ညှပ်ရိုးပေါ်က မှဲ့နက်ကို ။ သူ့မှာ
လည်း ရှိသည် ။ ဆင်တူ အဖြစ်ရှိနေသည်ကို
တော့ သူသဘောကျသည် ။ ခပ်ပါးပါး နှုတ်
ခမ်းတွေကိုမြင်တိုင်း အမြဲတမ်း နမ်းရှိုက်ချင်
စိတ် ဖြစ်ပေါ်တတ်သည် ။

" လိမ်ညာပြီးပြောရမယ်ဆိုရင် ကျွန်တော်
ခင်ဗျားကို မချစ်ဘူး "

ဒီတိုင်းငေးကြည့်ရင်းပြောမိသည့် စကား ။
အိပ်ပျော်နေသည့် ယွန်းဂီ မကြားမှန်းသိ၍
ပြောခြင်းလည်း ဖြစ်သည် ။

ယွန်းဂီ မနိုးခင်ပဲ ဂျီမင်း သူ့အခန်းသူ ပြန်
သွားသည် ။ မသွားခင် စာရေးပြီး ယွန်းဂီ
နှဖူးပေါ် ကပ်သွားသည် ။
' ပြင်ဆင်ထား ငပျင်း ခဏနေရင် Daegu
သွားမှာ ' ဆိုတာ လေး ။

ယွန်းဂီ နိုးတော့ ဂျီမင်းက ရှိမနေ ။ သူ့နှဖူး
ပေါ်က စာရွက်ပိုင်းလေးကို ကြည့်ရင်း ပြုံး
ကာ ....

" ငပျင်းတဲ့လား ? ချစ်ဖို့ကောင်းလိုက်တာ "

ယွန်းဂီ ရေချိုးပြီး အခန်းပြင်ထွက်လာတော့
ဂျီမင်းက ဧည့်ခန်းမှာ ရောက်နေပြီ ဖြစ်သည်

" ကို့အခန်း passward သိနေတာလား "

သူ့အခန်း passward ကိုတစ်ခါမှ ဂျီမင်း
အားပြောမပြဖူးပါ ။ နည်းနည်းတော့ အံ့ဩ
သွားရသည် ။

" ထင်သားပဲ ... ကျွန်တော့်မွေးနေ့ဆိုတာ "

ဂျီမင်းပြောမှ သူ့ဟာသူ ရှိုးတန်းရှန်းတမ်းဖြစ်
သွားကာ ပြုံးတုံ့တုံ့ဖြင့် ....

" အာ ! အဲ့တာက လေ "

" ရှင်းပြနေဖို့ မလိုပါဘူး "

WALLY BOSS ||YOONMIN [completed]Où les histoires vivent. Découvrez maintenant