21 || Happiness

3.1K 466 165
                                    

[ Zawgyi ]

နေ့ရက်တိုင်းကို ပျော်ရွှင်စရာတွေနဲ့
သာ ကုန်ဆုံးခဲ့ကြပေမယ့် မပျော်ရွှင်
စရာ နေ့ရက်တွေကတော့ အသင့်စောင့်
ကြိုလို့ နေလေရဲ့ ။

ဆောင်းလေတွေက ပိုတိုးလို့ တိုက်ခတ်
သည် ။ မြူတွေကလည်း တဖွဲဖွဲ ကျဆင်း
နေပြီ ။ ရာသီဥတုကား အေးစိမ့်လွန်းနေ
သည့် မနက်ခင်း နေထွက်လု နီးနီး အချိန် ။

အိပ်မောကျနေဆဲ ယွန်းဂီဟာ ကွေးကွေး
လေး ။ အခန်းအပူချိန်က အပြင်ရာသီဥ
တုကို အံတင်း ကျိတ်ခံထားပုံရသည် ။

ဂျီမင်းကတော့ သူသိပ်ကြိုက်သည့် အဝါ
ရောင် ဆွယ်တာကို ဝတ်ဆင်ထားပြီး အပြင်
ထွက်ရန်ပင် ပြင်ဆင်ပြီးပြီ ဖြစ်သည် ။

" ယွန်းဂီ ထတော့ "

ပုခုံးကို ကိုင်လှုပ်ကာ ယွန်းဂီကို နှိုးလိုက်သည် ။
အိပ်ချင်မူးတူးဖြင့် ထကာ နာရီကို တစ်ချက်
လှမ်းကြည့်ရင်း ညည်းညူလိုက်သည် ။

" အစောကြီး ရှိသေးတာကို ... နည်းနည်း
ထပ်အိပ်ပါရစေဦး "

" မရဘူးကွာ ။ အခုထ သွားစရာရှိတယ်
အခုချက်ချင်းထနော် ။ ဆယ့်ငါး မိနစ်
အတွင်း ပြင်ဆင်ပြီး ကားပါကင် ဆင်းခဲ့ "

ဂျီမင်း ဆူအောင့်အောင့်ပြောတော့မှ အိပ်
ယာက အလူးအလဲ ထကာ ပြင်ဆင်တော့
သည် ။ ဂျီမင်းကတော့ ကားပါကင်ဆီ ကို
ဆင်းသွားခဲ့ပြီ ဖြစ်သည် ။

" စောစောစီးစီးကွာ ဒီကောင်လေးကတော့ "

သူ ကားပါကင်ဆီရောက်တော့ ဂျီမင်းက
ကားထဲက ထိုင်စောင့်နေသည် ။

" ကိုမောင်းပေးမယ်လေ "

" ဟင့်အင်း ... ကျွန်တော် ကိုယ်တိုင် မောင်း
မယ် ။ ယွန်းဂီကို ခေါ်သွားစရာ နေရာလေး
တစ်ခု ရှိလို့ "

ဂျီမင်းကားမောင်းချင်တယ်ဆိုတော့ သူ
လည်း ဘာမှထပ်ပြောမနေတော့ပဲ ဝင်
ထိုင်လိုက်တော့သည် ။

" ယွန်းဂီ ဗိုက်ဆာရင် ကားနောက်ခန်းမှာ
Sandwich ပါတယ်နော် "

" ကိုမစားချင်သေးဘူး ... ဘယ်သွားမှာ
လဲဆိုတာ ကို့ကို ပြောဦး "

WALLY BOSS ||YOONMIN [completed]Where stories live. Discover now