14 || CCTV !!

9.7K 868 168
                                    

အဆင်ပြေပြေနိုးထဖြစ်နေသည့် မနက်ခင်းတွေ
အတူတူ စားဖြစ်ခဲ့ကြသည့် breakfast တွေ
အတူတူ လုပ်ခဲ့ကြတဲ့ အကောင်းဆုံး အမှတ်တ
ရတွေ .... နောက် အတူတူ ကုန်ဆုံးခဲ့ကြတဲ့ ည
လှလှ တွေ  ~~

ထုံစံအတိုင်း မနက်ခင်းတွေမှာ အစောကြီး နိုးပြီး
အလုပ်ချိန် တိကျလွန်းသည့် ကိုယ်တော်ချော က
သူရေချိုးနေတုန်းရောက်ချလာသည် ။ တံခါးဖွင့်
သံကြောင့် သိနေပေမယ့် သူကရေချိုး၍ မပြီးသေး

သူထွက်လာတော့ တအံ့တဩ မမြင်ဖူးသည့် ပုံစံ
နှင့် ငေးမောနေသည့် ယွန်းဂီကို ပုခုံးပေါ်တင်ထား
သည့် သဘတ်ဖြင့် လှမ်းရိုက်ကာ မျက်စောင်းခဲလျက်

" နှာဘူးက ထပြန်ပြီ ... မမြင်ဖူးတဲ့ ခန္ဓာကိုယ်
မို့လို့လား ? အဲ့လောက် ငေးနေရအောင် "

" ဘယ်ချိန်ကြည့်ကြည့် ဘယ်ရှု့ထောင့်ကကြည့်
ကြည့် မိန်းမရော ယောက်ျားရော ကလေးရော ခွေး
ရော မကျန် နှာဘူးထချင်စရာ ခန္ဓာကိုယ်ကို ပိုင်ဆိုင်
ထားတာကိုး .... ကိုတကယ် စိတ်မချဘူး "

ယွန်းဂီရဲ့ အူကြောင်ကြောင်နိုင်သည့် စကားက
မုသားတော့မဟုတ်ပေ ။ တကယ်လည်း မြင်သူ
တကာငေးလောက်သည့် အလှပဂေးလေး ဖြစ်
နေတာကိုး ။

" တအား ရုပ်ချောလွန်းနေတော့လည်း ဘယ်တတ်
နိုင်ပါ့မလဲ ? လူတိုင်း တပ်မက် နေကြတာပေါ့ "

" အဲ့တာကြောင့် စိတ်မချဘူးပြောတာပေါ့ ...
ကိုကလွဲပြီး တခြားလူကြည့်တာတောင် ကိုက သ
ဘောကျတာ မဟုတ်ဘူး ... မင်းကို ကိုပဲ ပိုင်ချင်
တာ ..  ဒီခန္ဓာကိုယ်က ကိုနဲ့ပဲ သက်ဆိုင်ရမှာ "

" ဘယ်သူမှ ကျွန်တော့်ကို မပိုင်ဘူး ... ခင်ဗျား
လည်း မပိုင်ဘူး ... တော်ပြီဗျာ သွားဖို့ ပြင်တော့ "

မင်ယွန်ဂီနှင့် သူစကားနိုင်မလုပါ ။ ပြောရင်း ပြော
ရင်း ညစ်တီးညစ်ပတ်တွေပါ ရောရောပြီး ပြောတတ်
သည့် မင်ယွန်ဂီ အကျင့်ကို သူသိသည် ။ ရုံးသွားခါ
နီး နောက်တစ်ယောက် ရေပြန်ချိုးနေရမှ ဒုက္ခ လှ
နေမည် ။

W B  .....

အခုရက်ပိုင်း တစ်တွဲတွဲ ဖြစ်လွန်းနေသည့် သူတို့
နှစ်ယောက်ကို ရုံးဝန်ထမ်းများပင် ရိပ်မိလာကြပုံ
ရသည် ။ သူတို့နှစ်ယောက် ရောက်လာတိုင်း တီး
တိုး တီးတိုးပြောဆို နေကြသည်ကို သတိထား မိ
သည် ။ သို့ပေမယ့် သူဂရုမစိုက် ။ သူကအလုပ်ရှင်
ပဲ ။ ဒီလို အာရုံနောက်စရာတွေ အတွက် တွေးပေး
ပြီး ပူပန်နေဖို့ မလို ။

WALLY BOSS ||YOONMIN [completed]Where stories live. Discover now