25 || Throwback

3.2K 418 151
                                    

[ Zawgyi ]

ရော်ရွက်ဝါတွေလည်း တလွင့်လွင့် ...
ပဲရစ်ရဲ့ နွေရာသီက ဆန်းဆန်းပြားပြား
Daffodils နဲ့ Magnolias တွေကလည်း
မြိုင်မြိုင်ဆိုင်ဆိုင် ဖူးပွင့်လာလို့ ပဲရစ်မြို့
ရဲ့ ဥယာဉ်တွေ လမ်းတွေကို လှလှပပ
တန်ဆာဆင်ပြန်သည် ။

နွေဦးက cherry တွေနှင့်လည်း သက်
ဆိုင်သေးသည် ။

နွေဦးဆီသို့ ကူးပြောင်းစ ရာသီ ကာလ

ပဲရစ်ရဲ့ နွေဦးကို နှစ်ကြိမ်တောင် ဖြတ်
သန်းခဲ့ရတဲ့ သူ့အတွက် အမှတ်တရရယ်
လို့ မရှိခဲ့ပြန် ။

ပဲရစ်ရဲ့ နွေဦးက သိပ်လှသည် ။ ဒဏ်ရာ
ခပ်ဟောင်းဟောင်းလား ။ မပြောင်းလဲ
တဲ့ ချစ်ခြင်းတရားတွေလား ။ နှစ်ခုစလုံး
က ဖြစ်နိုင်သည် ။

အချိန်သာ နှစ်နှစ် စွန်းစွန်း ကုန်ဆုံးသွား
ခဲ့ပြီ ။ ရာသီအလီလီ ကူးပြောင်းလာလည်း
အလွမ်း ဒဏ်တွေကတော့ ခပ်ပါးပါး ကျန်
နေသေးတုန်း ။

မမှိန်မသုန်တဲ့ ချစ်ခြင်းမေတ္တာတွေက ဓါတ်
ပုံဟောင်းလေးတွေဆီ တွေတွေငေးမိတိုင်း
ပါးပြင်ထက် ရိုက်ခတ်လို့ လာတဲ့ မျက်ရည်
ပေါက်ငယ်လေးတွေပါပဲ ။

မနက်ခင်း ရုံးတက်ချိန် မတိုင်ခင် သောက်
နေကျ Cafe ဆိုင်ထဲက sugar free အမေ
ရိကာနို တစ်ခွက် ဝင်ဝယ်တတ်သည် ။

အရာအားလုံးက နေသားတကျ ဖြစ်နေ
ပေမယ့် နှလုံးသားငယ်ကတော့ ဘယ်
သော အခါမှ နေရာမကျနိုင်ခဲ့ ။

နှစ်နှစ်တိတိ မျက်နှာတစ်ချက် မမြင်ခဲ့ရ
ပဲအသံကလေး တစ်စက်တောင် မကြား
ရပဲ အပြုံးတပွင့်ကို တဆာဆာ တောင့်တ
ရင်း သူနေနိုင်အောင် ကြိုးစားလာခဲ့ရတာ ။

ဘယ်လောက်ပဲ ကြိုးစားမိပါစေဦး ...
သူ့အသက်သွေးကြောထဲ စိမ့်နေအောင်
ချစ်ခဲ့ရတဲ့ ထိုလူသားကို မေ့ဖျောက်
လိုက်ဖို့တော့ မကြိုးစားရဲခဲ့ ....

အမေရိကာနိုနဲ့ အတူ တွဲဖက်သောက်
တတ်လာသည့် စီးကရက်ကလည်း သူ့
အသည်းစွဲဖြစ်လာခဲ့ရသည် ။

ခုံတန်းကလေးမှာ တခဏ ထိုင်ရင်း သူ
ပိုင်သည့် အဆောက်အဦးကို ငေးကြည့်
မိသည် ။

WALLY BOSS ||YOONMIN [completed]Where stories live. Discover now